Posts filter


ရန်ကုန်တိုင်းဒေသကြီး၌ နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီး၌ နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် အဆိုပါညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြိုရှိ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော်အနေဖြင့် (Count Down Party)ကို ပြုလုပ်ရန် စီစဉ်ထားခြင်းကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် (Count Down Party)တွင် အဆိုတော်များ၏ တေးဂီတဖျော်ဖြေပွဲနှင့် Count Down ရေတွက်ကာ မီးရှုးမီးပန်းများ ပစ်ဖောက်မည်ဖြစ်ကြောင်း သိရသည်။

ပုံစာ - ၂၀၂၃ မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညအား ဒီဇင်ဘာ ၃၁ ရက်ညပိုင်းတွင် တွေ့ရစဉ်။

■ Read More - - - >>> https://news-eleven.com/article/298821


ပြင်ဦးလွင်အဆင်းလမ်းတွင် ဘောက်ဆာယာဉ်တိမ်းမှောက်မှုကြောင့် တင်လဲရည်များလမ်းမပေါ်တွင် ယိုဖိတ်ကာ ယာယီလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ်( ၁၈ )မိုင် (၅)ဖာလုံခန့်တွင် ဘောက်ဆာယာဉ်တစ်စီးသည် တင်လဲရည်များတင်ဆောင်လာပြီး ပြင်ဦးလွင်မှ မန္တလေးသို့ မောင်းနှင်လာစဉ်ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်း၏ ဘယ်ဘက်အခြမ်းသို့ တိမ်းမှောက်မှု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့ ၁၁ နာရီအချိန်ဝန်းကျင်က ဖြစ်ပွားခဲ့ရာ တင်လဲရည်များလမ်းမပေါ်တွင် ယိုဖိတ်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးတပ်ဌာနမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အတက်လမ်းညာဘက်အခြမ်းတွင် မောင်းနှင်လာသော အိမ်စီးကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဆက်လက်သတင်းရရှိသည်။

■ Read More - - - >>> https://news-eleven.com/article/298820


Video is unavailable for watching
Show in Telegram
ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

- တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်းနှင့်နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခ များကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
- တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိသာ ခွင့်ပြုမည်
- အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်
- ဘန်ကောက်ရှိ The Ember Hotel တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံး
- စီးရီးအေချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ အင်တာမီလန်အသင်း ရေပန်းစားနေဆဲဖြစ်ကြောင်း ကာပယ်လို ပြောကြား


ရုရှားအနေဖြင့် အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံရန် အဇာဘိုင်ဂျန်သမ္မတက တောင်းဆို

ရုရှားအနေဖြင့် အဇာဘိုင်ဂျန်ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံရန် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်က ဒီဇင်ဘာ ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။

အဆိုပါလေယာဉ် ပျက်ကျခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးကို အစောပိုင်းတွင် ရုရှားက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း အဇာဘိုင်ဂျန်က စွပ်စွဲခဲ့သည်။

အဇာဘိုင်ဂျန်၏ AZAL Embraer 190 ခရီးသည်တင်လေယာဉ်သည် ကာဇက်စတန်နိုင်ငံတွင် ပျက်ကျခဲ့ပြီး နောက် လေးရက်အကြာဖြစ်သည့် ဒီဇင်ဘာ ၂၉ ရက်တွင် အလီယက်ဗ်သည် ဘာကူမြို့တော် လေဆိပ်၌ နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

■ Read More - - - >>>https://news-eleven.com/article/298817


စက်မှုဇုန်များတွင် ဇန်နဝါရီ ၃ ရက်အထိ လျှပ်စစ်ဓာတ်အားပေးခြင်းများကို ယာယီရပ်နားထားကြောင်း သိရ

ရတနာနှင့် ဇောတိကဓာတ်ငွေ့ပိုက်လို်င်း ပြင်ဆင်မှုများ ဆောင်ရွက်နေသဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအနေဖြင့် ဇန်နဝါရီ ၃ ရက်မှသာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“EPC ဘက်ကတော့ ဇန်နဝါရီ ၃ ရက်မှ ရမယ်လို့ ပြောတယ်။ အခုကတော့ မီးပြန်မရသေးဘူးပေါ့” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/298812


စမ်းချောင်းမြို့နယ် ဖျာပုံလမ်းတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး လူထိခိုက်မှုအချို့ရှိ

စမ်းချောင်းမြို့နယ် ကျွန်းတော(အလယ်)ရပ်ကွက် ဖျာပုံလမ်းတွင် ဒီ‌ဇင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအချို့ရှိခဲ့ပြီး ကားနှင့် မီးစက်နှစ်လုံးလည်း ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/298810


ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပ

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်း ၈ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ ကရင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ လာရောက်ဆင်နွှဲခဲ့ကြပြီး လာရောက်သူများပြားကာ စည်ကားခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေမှုများ၊ လက်ဝှေ့ပွဲများ၊ ချောတိုင်တက်ပွဲနှင့် ခေါင်းအုံးရိုက်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

■ Read More - - - >>> https://news-eleven.com/article/298796



8 last posts shown.