နိုင်ငံခြားစာတန်းထိုး ဇာတ်ကားကောင်းများစုစည်းရာ


Channel's geo and language: India, English



Channel's geo and language
India, English
Statistics
Posts filter


Summer in Closed Eye (2018)

သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။
ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။
ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။
ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။
ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။
ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့
ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။
ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/285


The Wendigo (2022)

နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/284


13 Minutes or Less (2011)

ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်၊ချက်ကြီးဘော်ဒါငှက်ကြီးက
ပီဇာဆိုင်မှာဒယ်လ်လီဗာရီပို့တဲ့သူ။ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းကခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ၊သူ့ဖားသားကြီးအငြိမ်းစားဗိုလ်မှူးအိမ်မှာလက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်နေတဲ့ဘဲတွေ၊ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့၁၀၉-၁၁၀ ကောင်တွေကိုရှယ်ဟောက်တာပေါ့။အလုပ်မရှိအကိုင်မရှိ
အာဝါးဒါးရိုက်မနေနဲ့၊အဖြစ်ရှိအောင်လုပ်ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်းပွားခံရပါများတော့ဘိုးတော်ကြီးကိုကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီးသေရင်အမွေတွေရမယ်သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။အဲဒါနဲ့ဘိုးတော်ကြီးကိုလုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)ကမဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်ထိပ်ကွက်ဖို့ကြိုးစားကြတာတွေတခွီခွီနဲ့ကြည့်ရမှာဖြစ်ပါတယ်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/283


Like A Boss ( 2020 )
============
ဒီကားလေးကတော့နာမည်ကြီးမင်းသမီးတွေပါဝင်ထားတဲ့
ဟာသနဲ့သူငယ်ချင်းဆက်ဆံရေးလေးအကြောင်းကိုရိုက်ကူးပြထားတဲ့ကားလေးပါ
မီယာနဲ့မဲလ်တို့က သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအသေးလေးဖြစ်တဲ့
အလှပြင်ဆိုင်နဲ့မိတ်ကပ်တွေထုတ်တဲ့ကုမ္ပဏီအသေးလေးကိုတူတူလုပ်ကိုက်နေကြတဲ့
အရမ်းကိုချစ်တဲ့သူငယ်ချင်းကောင်းတွေပါ

ဒါပေမယ့် လုပ်ငန်းကအဆင်ပြေတာနည်းနည်း မ

ပြေတာများများဖြစ်နေတာကြောင့် အ
ကြွေးတွေဝိုင်းပြီးပိတ်ရလုစဲစဲဖြစ်နေတုန်းမှာပဲ
စီးပွားရေးကိုနားလည်ပါးရိုက်လုပ်တတ်တဲ့
makeup industry ကကလဲရီတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ….
သူတို့နှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်တဲ့စိတ်တွေ
သူငယ်ချင်းဆက်ဆံရေးတွေကို ကလဲရီဘယ်လိုတွေဖျက်စီးပစ်မလဲ
သူတို့နှစ်ယောက်ကရောဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ
လူတွေရဲ့စိတ်နေစိတ်ထားပြောင်းလဲမှုတွေ မနာလိုမှု တွေ
လောဘတွေကိုဟာသလေးတွေနဲ့သေချာရိုက်ပြထားတာပါ
 

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်ပါ
https://t.me/c/2392357962/282


Malena (2000)

IMDb Rating (7.5/10)

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် ငမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း…..။ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီးတစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီးစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း…..။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။
Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။


Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်ပါ
https://t.me/c/2392357962/281


The Substance (2024)

နာမည်ကြီး ဟော်ရာရုပ်ရှင်ကားအသစ်အကြည်ထွက်ပါပြီ။ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲတွေနဲ့ ရွံစရာတွေ ပါတာမို့နှလုံးခိုင်မှ
ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။
အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေကန်ထုတ်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့ကိုထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။အဲဒီဆေးရဲ့ အစွမ်းကတော့ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကိုပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက်ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ်ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့မူလလူနဲ့ ကိုယ်ပွားဟာတစ်ယောက်ကို တစ်ပတ်စီအချိန်ပေးရပါတယ်။ဒါပေမဲ့ ငယ်ရွယ်တဲ့ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီးအချိန်တွေကိုပိုလောဘကြီးလာတဲ့အခါမူရင်းလူမှာ ယိုယွင်းတာတွေ၊ဆိုးရွားလာပြီးကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။အဲဒီကနေမှ
ပိုပိုပြီးရုပ်ဆိုးတဲ့ ရက်စက်တဲ့.
..

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/278


He's All That (2021)

ပတ်ဂျက်ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့
ရုပ်လေးကလည်းချော၊ဆိုရှယ်မီဒီယာမှာလည်းနာမည်ကြီး
စပွန်ဆာတွေလည်းရ၊ရည်းစားကလည်းရှိနဲ့
အခုဖတ်နေသူနဲ့တော့ဆီနဲ့ရေ
ပဲဗျာ။

ဒါပေမဲ့တစ်နေ့မှာတက်သစ်စအဆိုတော်ဖြစ်တဲ့သူ့ဘဲကို ရိုက်ကွင်းမှာsurpriseလုပ်ဖို့ သွားကာမှချစ်သောကိုကိုက back-up dancerမနဲ့နောက်မီးလင်းနေတာကိုမြင်ပြီးရိုက်ကွင်းမှာတင်ပတ်ဂျက်တစ်ယောက် “ခင်မို့မို့အေး”လုပ်ပါတော့တယ်။
သူမသိလိုက်တာက သူပွဲကြမ်းသမျှကသူ့အကောင့်မှာlive လွှင့်နေတယ်ဆိုတာပါပဲ။
ဘဲနဲ့ပြတ်ရတဲ့အထဲ တစ်ပူပေါ် တစ်ပူမကနှစ်ပူဆင့်ပြီး
နာမည်လည်းပျက်အလုပ်ကလည်းစပွန်ဆာရပ်မယ်ပြောလာတော့ပတ်ဂျက်တစ်ယောက်သူ့နာမည်အဖက်ဆယ်ဖို့ကတစ်ကြောင်းEx ကိုပညာပေးချင်တာက တစ်ကြောင်း
ကြံရည်ဖန်ရည်တွေထုတ်ပြီး mission စတင်ပါတော့တယ်။
သူ ဘာmissionဖန်လဲဆိုတာကတော့ပရိသတ်ကြီးပဲ
ဆက်ပြီးကြည့်ရှူလိုက်ပါတော့။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/277


Jumanji 2017

၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။

၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။


Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/274


" Sorgavaasal " (2024)

Sorgavaasal (2024)
IMDB 6.7/10

နောက်ထပ်တောင်ပိုင်း ထောင်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ၂၀၂၂ မှာထွက်ခဲ့တဲ့ Jai Bhim နဲ့အလားတူကားတစ်ကားလို့ပြောလို့ရပြီး စိတ်ထဲမှာမတင်မကျနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးကို အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားလေးတစ်ကားမို့မိတ်ဆက်ပေးလိုက်ရပါတယ်။ တောင်ပိုင်းကားတွေရဲ့ထုံးစံအတိုင်း သဘာ၀နဲ့အနီးစပ်ဆုံး တူအောင်ရိုက်ထားတဲ့ကားမို့လို့လဲ တော်တော်လေးကိုကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအကျဉ်းကို မပြောခင် ဒီလိုရုပ်ရှင်တွေကို ထောင် Drama လို့ပြောတာထက် Survival ရုပ်ရှင်လို့ပြောရင်ပိုမှန်မလားပါပဲ။အမြဲဘာဖြစ်မှာလဲလို့ရင်တစ်ထိတ်ထိတ်ကြည့်နေရတာပါ။ ထောင်တွင်းအဓိကရုဏ်းတစ်ခုဖြစ်သွားပြီး ထောင်သားတွေအများကြီးသေကြေခဲ့ကြပါတယ်။ အဓိကရုဏ်းရဲ့အဓိက Motive ကတော့ ထောင်လူမိုက်ကြီး ဆီဂါသေဆုံးသွားမှုကနေအစပြုခဲ့တာပါ။ ဆီဂါကိုလည်း သတ်ဖို့ကြံစည်နေတဲ့လူတွေကလည်း မနည်းလှပါဘူး။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်
https://t.me/c/2392357962/273


" Tholi Prema " (2018)

ဇာတ်ကားနာမည်က မြန်မာလို "အချစ်ဦး" တဲ့။

လူတိုင်းရဲ့ဘဝမှာ ငယ်စဥ်ကတည်းကဖြစ်စေ ၊ အရွယ်ရောက်လာတော့မှဖြစ်စေ နှလုံးသားတည့်တည့်ကို ဝင်တိုးတတ်တဲ့ ပထမဆုံးအချစ်တစ်ခု ရှိတတ်ပါတယ်။ အချစ်ဦးနဲ့ပတ်သက်လို့ "ငယ်ကချစ် နှစ်တစ်ရာ မမေ့သာ" "အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့" စတဲ့ ရှေးကတည်းက ခေတ်အဆက်ဆက် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။ ငယ်ချစ်ဦးအကြောင်းကို ရေးဖွဲ့ထားတဲ့ ရာဇဝင်တွေ ၊ ဒဏ္ဍာရီတွေ ၊ ဝတ္ထုတွေ ၊ ရုပ်ရှင် သီချင်းတွေလည်း မရေတွက်နိုင်အောင်ပါပဲ။

ဒီကားလေးကလည်း အဲ့ဒီလိုရုပ်ရှင်တွေထဲက တစ်ခုပေါ့။

အာဒိသယာ နဲ့ ဗာရှားတို့ဟာ ကျောင်းသားဘဝကတည်းက ဆုံတွေ့ခဲ့ကြပြီး တစ်ဦးအပေါ်တစ်ဦး ချစ်ခဲ့ကြတယ်။ ငယ်ရွယ်သူတွေဆိုတော့ စိတ်ဆိုးစိတ်ကောက်လိုက် ပြန်ချစ်လိုက်နေရင်းက....အခန့်မသင့်လွန်းတဲ့ တစ်နေ့မှာတော့...ခွင့်မလွှတ်နိုင်တဲ့အထိ ပြဿနာတက်ပြီး ကွဲကွာသွားခဲ့ရတယ်...။

ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာက ကျီစားသန်လွန်းသလို ၊ ဖူးစာဆိုတဲ့အရာကလည်း ဆန်းကြယ်လေတော့...

Channel ကိုJoin

Link နှိပ်


P------K ( 2014 )

မင်းသားကြီး အမီယာခမ်းရဲ့ လွမ်းစရာဂြိုလ်သားကားလေးကိုတင်ပေးလိုက်ပါတယ်။
ဒီမင်းသားကို စိန်ခိုးကားမှာအဓိကသိကြမှာပါ။
မင်းသားကြီးဟာ ဒီကားထဲမှာလည်း သ‌ဘာ၀ကျကျသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်ကားလေးထဲမှာတော့
လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို PK လို့ခေါ်တဲ့ဂြိုလ်သားတစ်ယောက်ရောက်ရှိလာပြီး လာစူးစမ်းဖို့လုပ်တဲ့အခါ 
သူဘာတွေကြုံတွေ့ရမလဲ၊
လူသားတွေနဲ့ ဂြိုလ်သားတွေကြားမှာ ဘာကွာခြားမှုတွေရှိလဲ
PK လို့ခေါ်တဲ့ ဂြိုလ်သားက သူအိမ်ပြန်နိုင်တဲ့ အချက်ပြရီမုဒ်ကို
အခိုးခံလိုက်ရတဲ့အခါမှာတော့
သူ့အိမ်ကိုပြန်ရောက်အောင် ကြိုးစားရင်း ကမ္ဘာမြေပေါ်ကကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပညာသားပါပါရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်
မင်းသားကြီး အမီယာခမ်း နဲ့ မင်းသမီး အနူရှကာရှာမာတို့ပါဝင်ရိုက်ကူးထားပြီး
rating 10 မှာ 8.5 လောက်ထိကိုရရှိထားတဲ့ကားတစ်ကားဖြစ်တာမို့
ကြည့်လို့အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်
……🆒💯

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်
https://t.me/c/2406004301/53


" World Famous Lover " (2020)

လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊
ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ
ဘယ်သူနဲ့ချစ်ခဲ့တယ် ၊ ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့
သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။

ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊
သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊
ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။

ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို
အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊
ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။
စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။

ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ
ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး
ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး....
ပြတ်စဲကြရတော့တယ်....။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်ပါ
https://t.me/c/2392357962/272


" The Sabarmati Report " (2024)

၁၂ ခါကျရှုံးတဲ့ မင်းသား‌‌ရဲ့ဇာတ်ကားအသစ်...

၂၀၀၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်န့မှာ ဖြစ်ပွားခဲ့တဲ့ ဂူဂျာရတ် ဂိုဒရာရဲ့ ဆာဘာမာတီရထားမီးလောင်မှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ

ဘာသာရေးပွဲမှပြန်လာကြတဲ့ ဆာဘာမာတီရထားတွဲ နှစ်တွဲဟာ မီးလောင်ပြီး ခရီးသည် ၅၉ဦး ပိတ်မိသေဆုံးခဲ့ပါတယ် သေဆုံးသူတွေထဲမှာ လူမျိုး ဇာတ်မျိုးရိုးကွဲပြားမှုတွေကြောင့် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်လာပါတယ်

ဒါကို သတင်းချန်နယ်တစ်ခုမှ အင်္ဂလိပ်ဂျာနယ်လစ် မာနီကာနဲ့ ဟင်ဒီဂျာနယ်လစ် ကင်မရာသမား ဆမာတို့ သွားရောက် သတင်းစုံစမ်းပါတော့တယ်

ဒီလိုနဲ့စုံစမ်းရင်း မီးလောင်မှုဟာ မတော်တဆမဟုတ်ပဲ တမင်လုပ်ကြံမှုတစ်ရပ်ဆိုတာကိုသိပြီး ဆမာတစ်ယောက် အဖြစ်မှန်တွေကို သတင်းယူရိုက်ကူးပြီး သူ့သတင်းချန်နယ်ကို တင်ပြပါ‌တော့တယ်

သို့ပေမယ့် သတင်းချန်နယ်ဟာ အထက်လူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ ပြည်သူကို မတော်တဆမှုအဖြစ်သာ သတင်းတင်ဆက်လိုက်ပါတယ်

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှ်ိပ်
https://t.me/c/2392357962/271


" Tillu Square " (2024)

ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ်က ထွက်ခဲ့တဲ့ DJ Tillu ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ Tillu Square ဆိုတဲ့ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် IMDB မှာ 6.6 ထိရထားတဲ့အချစ်ကားလေးမို့ လျော့တော့မတွက်စေချင်ပါဘူးခင်ဗျာ။

ဇာတ်လမ်းအကျဉ်း...

ပထမကားမှာ ရာဒီကာရဲ့သစ္စာဖောက်မှုကြောင့် အသဲကွဲခဲ့ရတဲ့ ဒီဂျေတီလူတစ်ယောက် ကလပ်တွေမှာ ဒီဂျေတီးရင်း မိန်းကလေးတွေနဲ့ပွေးရင်း ဖြတ်သန်းနေပါတော့တယ်။

သူ့ရဲ့ဒီဂျေကလည်းနာမည်ကြီးလှတာကြောင့်ဖျော်ဖြေပွဲအခမ်းအနားတွေအတွက် သီးသန့်ငှားရလောက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ ပွဲကြီးတစ်ပွဲအတွက် ၂၅သိန်းတန်ကမ်းလှမ်းမှုရခဲ့သလို သူ့ရဲ့ဘ၀ထဲကိုလည်း လီလီလို့ခေါ်တဲ့ မချောလေးတစ်ယောက် ဝင်လာခဲ့ပါတော့တယ်...

ဝင်ဝင်ချင်းပဲ ကိုယ်ဝန်တစ်လရသွားတဲ့နောက်မှာတော့ မချောလေးနဲ့ကိုယ်တီလူတို့ဘာတွေဆက်ဖြစ်ကြမလဲ။ သူဖျော်ဖြေရမယ့်ပွဲကြီးဟာလည်း ဘယ်လိုပွဲကြီးလဲဆိုတာတော့ ဟာသတွေနဲ့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦးခင်ဗျာ...

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်
https://t.me/c/2392357962/270


" Agni " (2024)

မီးသတ်သမားတွေရဲ့ ဘဝနဲ့ အခက်အခဲတွေကိုထင်ဟပ်စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

“မီးတောက်တွေကြား
‌အသက်ရှင်နိုင်တဲ့လူက မသေလူဖြစ်နိုင်တယ်” ဒီစကားအတိုင်း မီးဆိုတာ ပူလောင်ပေမယ့် အသက်ကိုစွန့်ပြီး လူတွေကယ်ပေးရတဲ့ မီးသတ်သမားတွေကို ကျေးဇူးတင်ဖို့ ဘယ်အရာကမှ မဖြစ်နိုင်ပါဘူး။

လူတိုင်းရဲ့ အသက်ကတန်ဖိုးရှိသလို မီးသတ်သမားတွေရဲ့ဘဝက အသက်တွေကိုကယ်ပေးရင်း သေသွားရတာတွေရှိသလို တလေးတစားမရှိကြလို့ ခွဲခြားခံရတာတွေကို ‌မီးမောင်းထိုးပြထားတာပါ...

( ဇာတ်လမ်းအကျဉ်းကို Bella Williams မှ ရေးသားပေးထားပါတယ်  )

Subtitle By - Bella Williams
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/269


" Mission Manju " (2023)

နိုင်ငံရဲ့အလံ အမြင့်ကို ရောက်အောင် ဆွဲတင်နိုင်တာ လေမဟုတ်ပါဘူး နိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်ပါဆိုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

အဖေဖြစ်သူကပိုက်ဆံရဖို့အတွက် ပါကစ္စတန်ကို  အိန္ဒိယရဲ့ သတင်းတွေကို ပေးပို့ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်ပါ။ ဆရာကာအိုရဲ့ လေ့ကျင့်ပေးမှုတွေကြောင့် နိုင်ငံပေါ်ကို ချစ်မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာပြီး အဖေဖြစ်သူရဲ့ အပြစ်ကြွေးကို သားဖြစ်သူ အာမန်တစ်ယောက် ဘယ်လို ပေးဆပ်သွားမလဲ။

အိန္ဒိယကို စစ်အကြိမ်ကြိမ်ရှုံးနေတဲ့ ပါကစ္စတန်ကကော အိန္ဒိယကို ပြိုလဲအောင်လုပ်ဖို့ နျူကလီးယားဗုံးဖန်တီးတာ အောင်မြင်သွားမလား။ အစိုရအာဏာမရှိဘဲ စစ်တပ်က အုပ်စိုးတဲ့ အာဏာအောက်မှာ ပါကစ္စတန် ဘယ်လိုလည်ပတ်မလဲ။

အာမန်ကကော မျိုးချစ်စိတ်ဆိုတာ သွေးထဲမှာမဟုတ်ဘဲ စိတ်ဝိညာဉ်မှာ ရှိနေပါတယ်ဆိုတာ ဘယ်လို သက်သေပြသွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Rachel မှ ရေးသားပေးထားပါတယ်  )

Subtitle By - Rachel
Encode By - Lwin Htoo Aung

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/268


" Kanguva " (2024)

ဒီဇာတ်ကားလေးကတော့ ၅‌၂၈ မေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ။

ဇာတ်လမ်းအစမှာတော့ ဇီတာဆိုတဲ့ ကောင်ကလေးတစ်ယောက်ဟာ သိပ္ပံစမ်းသပ်ခန်းတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် ။လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်‌ေသဖြစ်လာခဲ့တဲ့ ဇီတာနဲ့ မင်းသားဖြစ်သူ ဖရန်စစ်တို့ တွေ့တွေ့ချင်းမှာပဲ ထူးဆန်းတဲ့ခံစားချက်တွေကို ခံစားလာရပါတယ်။

ဒါဟာ အရင်ဘ၀ဟောင်းမှာ သူတို့ နှစ်ဦးကြား ပတ်သက်မှုတွေရှိခဲ့လို့ဖြစ်ပါတယ်။အတိတ်ဘ၀မှာ မတည်နိုင်ခဲ့တဲ့ ကတိစကားတစ်ခုကို  ဖရန်စစ်ကရော ပြန်လာ‌ဖြည့်ဆည်း‌ေပးနိုင်မလား နှစ်ဦးကြားမှာ ဘယ်လို ပတ်သက်မှုမျိုးတွေ ထပ်ရှိလာမှာလဲ ဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်...

( ဇာတ်လမ်းအကျဉ်းကို Baby Melon မှ ရေးသားပေးထားပါတယ်  )

Subtitle By - Baby Melon
Encode By - Lwin Htoo Aung

Channel ကိုJoin

https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/267


" Rocky Aur Rani Kii Prem Kahaani " (2023)

အရှုပ်အထွေးတွေကြား ရော့ကီနဲ့ရာနီ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ အလီယားဘက်နဲ့ရာဗီဆင်းတို့ရဲ့ ရိုမန်တစ်ကြမ်းကြမ်းလေးတွေ ကြည့်ရှုရမဲ့ IMDB 7.2 ရထားတဲ့ကားကောင်းလေး...

အချစ်ဆိုတာ ကားဆိုတဲ့စီးတော်ယာဥ် လို ချစ်တဲ့သူနှစ်ဦးက စီရာတိုင်ကိုထိန်းထားပြီး အနောက်မှာ နှစ်ဖက်မိသားစုလုံးလိုက်ပါလာကြတယ်...

နှစ်ဖက်မိသားစုက မသင့်မြတ်ရင် ဒီခရီးကိုခက်ခက်ခဲခဲစတသ်ရလိမ့်မယ် ဒီလိုပဲ ရော့ကီနဲ့ရာနီရဲ့အချစ်ဇာတ်လမ်းဟာလည်း နှစ်ဖက်မိသားစုရဲ့အသွင်မတူတဲ့ပုံစံတွေ...ရှေးရိုးစွဲနဲ့ခေတ်သစ် မော်ဒန် ပြိုင်ဆိုင်မှုနဲ့အချစ်ဇာတ်လမ်း...

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်
https://t.me/c/2392357962/266


" Sikandar Ka Muqaddar " (2024)

Netflix ရဲ့ ၂၀၂၄ ထွက် ဘောလီဝုဒ် ဇာတ်ကားကောင်းတစ်ခု...

မွမ်ဘိုင်းမြို့ရဲ့လက်ဝတ်ရတနာပြပွဲတစ်ခုမှာ ‌AK-47 ကိုင်ဆောင်တဲ့ လူ ၄ ယောက် အဖွဲ့ လုယက်လိမ့်မယ်လို့ သတင်းပေးလာပါတယ်

အာဏာပိုင်တွေက ပြခန်းထဲက လူတွေကို လုံခြုံတဲ့ နေရာကို သွားခိုင်းလိုက်ပါတယ်

ဓားပြတွေကို ထိန်းသိမ်းပြီးတဲ့နောက်မှာ ပြခန်းထဲက တန်ဖိုးကြီးစိန်တွေ ပျောက်ဆုံးနေတာကို သတိထားမိပါတော့တယ်

လူတွေ မရှိတဲ့ အချိန်လေးမှာ စိန်တွေကို ခိုးတဲ့ သူခိုးကို စုံစမ်းဖို့ စုံစမ်းရေးမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုကြောင့် နာမည်ကြီးတဲ့ စုံထောက်ကြီး ဂျက်စ်ဝင်ဒါ ဟာ တာဝန်ပေးခံရပါတော့တယ်

စုံထောက်ကြီး ဂျက်စ်ဝင်ဒါ ဟာ သံသယရှိသူ ၃ယောက်ကို စုံစမ်းစစ်ဆေးပါတော့တယ်

ဒီစုံစမ်းရေးဟာ စုံထောက်ကြီး ဂျက်စ်ဝင်ဒါ ရဲ့ စွဲလမ်းမှုတစ်ခု ဖြစ်လာချိန်မှာတော့

ဘယ်လိုအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲ

အမှန်တရားကရော ဘာဖြစ်မလဲ

ဘောလိဝုဒ်ပရိသတ်တို့ အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဆိုလည်း မမှားတာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးဗျ...

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်
https://t.me/c/2392357962/265


" Mrs Chatterjee vs Norway " (2023)

နော်ဝေးမှာ အခြေကျဖို ကြိုးစားနေတဲ့  Chatterjee အိမ်တော်ရဲ့ သားဖြစ်သူ အနီရုဟ်နဲ့ ချွေးမဖြစ်သူ ဒေဘီကာထံကနေ ကလေးနှစ်ယောက်ကို နော်ဝေးအစိုးရက ယူသွားပါတယ်။

ယူသွားရတဲ့ အကြောင်းရင်းကတော့ မိဘနှစ်ဦးက ကလေးတွေကို စောင့်ရှောက်နိုင်တဲ့အရည်အချင်းမရှိတဲ့အတွက်ကြောင့် ကလေးလူမှုဖူလုံရေးအဖွဲအစည်း Velfredက ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို ဆိုပါတယ်။ ကလေးနှစ်ယောက်ကို မခွဲနိုင်တဲ့ ဒေဘီကာက နော်ဝေးဘက်က ချပေးတဲ့ရှေ့နေနဲ့ ကလေးတွေကို ပြန်ခေါ်ဖိုအတွက် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုကလေးတွေကို ခေါ်ပြီးနောက်မှာတော့ နော်ဝေးအစိုးရရယ် တရားရုံးတော်ရယ် အဖွဲအစည်းတွေရယ်က ပေါင်းကြံထားတဲ့ စီးပွားရေးတစ်ခုဆိုတာကို သိသွားတဲ့အချိန် ဒေဘီကာတစ်ယောက် အနိုင်မရနိုင်မှန်းသိလျက်နဲ့ နော်ဝေးနိုင်ငံနဲ့ယှဉ်ပြီး မိခင်တစ်ယောက်ရဲ့အစွမ်းကို ဘယ်လိုမျိုးပြသမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/264

20 last posts shown.