Фильтр публикаций


မတ်လအတွင်း ကျပ် ၂၀၀၀၀ တန် ထွက်ရှိမည်ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ဟု ဗဟိုဘဏ် ထုတ်ပြန်

၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။

■ Read More - - - >>> https://news-eleven.com/article/288931


Видео недоступно для предпросмотра
Смотреть в Telegram
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

- ရှမ်းပြည်နယ် မည်သည့်နေရာဒေသတွင် ယူရေနီယံများထွက်သည်ကို မကြားသိရဖူးကြောင်းနှင့် မည်သည့်အရောင်း အဝယ်ကိစ္စကို မည်သူနှင့်မျှ ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား

- ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် သုံးနှစ်အရွယ်နှင့်လေးနှစ်အရွယ် ကလေးငယ်နှစ်ဦး ပျောက် ဆုံးမှုဖြစ်ပွား

- စစ်ပွဲတွင် ယူကရိန်းအနိုင်ရရှိလိမ့်မည်ဟု သမ္မတဇယ်လန်စကီး ပြောကြား

- တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ် ပိုင် စွပ်စွဲ

- မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် အဲလ်ဗတ်စ်အတွက် ငွေစိုက်ထုတ်ပေးသူ နေမာ ဝေဖန်ခံရ


ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိ

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

■ Read More - - - >>> https://news-eleven.com/article/288928


မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

အဆိုပါမလွှဲတောင်စစ်ဆေးရေးဂိတ်မှာ Drone ဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/288927


ပဲခူးတိုင်း ဒိုက်ဦးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် သုံးနှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်နှစ်ဦး ပျောက်ဆုံးမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အိမ်မှာတင်ပျောက်တာပါ။ ခလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ်ပေါ်တက်ထမင်းခူးပြီး ဟင်းနွာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လိုနားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါကလေးငယ်အား ဖေဖော်ဝါရီ ၂၆ ရက် နံနက်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးလှမြိုင်၊ ဒေါ်အိညိုတို့၏ သမီးငယ် အသက်လေးနှစ်အရွယ် မမေဇင်ကျော်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

■ Read More - - - >>> https://news-eleven.com/article/288913


လိုတိုရှင်း စီးပွားရေးသုတ (၂၆-၃၀)

■ Written by : စောနိုင် (အသုံးချ ဘောဂဗေဒ)

အခွန်ကောက်ခံခြင်းဆိုသည်မှာ အစိုးရတစ်ရပ်သည် ၎င်း၏ရငွေရရှိရန်အတွက် ၎င်းတို့၏ပိုင်နက်နယ်မြေအတွင်းရှိ အများပြည်သူတို့ထံမှလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှလည်းကောင်း တရားဥပဒေနှင့်အညီ သတ်မှတ်ထားသောငွေကြေးကောက်ခံသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အစိုးရ၏ရငွေရရှိရေးနည်းလမ်းတစ်ခုဟု ဆိုနိုင်ပါသည်။ အခွန်စည်းကြပ်ကောက်ခံရာတွင် အခြေအနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးလုပ်ဆောင်ရသဖြင့် အခွန်ပုံစံအမျိုးမျိုးကွဲပြားမှုရှိသည်။ ဥပမာ လူတစ်ဦးတစ်ယောက်ချင်းပေါ်တွင် ဝင်ငွေခွန်နှင့် လူမှုဖူလုံရေးအတွက် ပေးရငွေကဲ့သို့ ပါဝင်တတ်ပြီး စီးပွားရေးလုပ်ငန်းများအပေါ်တွင် ဗဟိုအစိုးရမှကောက်ခံသော အခွန်များနှင့် သက်ဆိုင်ရာပြည်နယ်ဒေသအလိုက်ကောက်ခံသော လုပ်ငန်းခွန်များ ပါဝင်နိုင်သည်။

■ Read More - - - >>> https://news-eleven.com/article/288871


ရှမ်းပြည်နယ် မည်သည့်နေရာဒေသတွင် ယူရေနီယံများထွက်သည်ကို မကြားသိရဖူးကြောင်းနှင့် မည်သည့် အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား

ဖေဖော်ဝါရီ ၂၅ ရက်တွင် TaiFreedom သတင်းဌာနက အမေရိကန်တရားစီရင်ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ RCSS ဥက္ကဋ္ဌက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

■ Read More - - - >>> https://news-eleven.com/article/288900


ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ


ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဒေါ်လာ ၁၂ ဒသမ ၅၉၈ သန်း၊ ကချင်ပြည်နယ်တွင် ဒေါ်လာတစ်သန်းဝင် ရောက်ထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံသားများက စစ်ကိုင်းတိုင်းဒေသကြီး၌ ကျပ်သန်း ၆၀၀၀ ဖြင့် အများဆုံးမြှုပ် နှံထားကြသည်။
ဒုတိယအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၌ ကျပ်သန်း ၂၅၀၀၊ တတိယ အနေဖြင့် မွန်ပြည်နယ်၌ ကျပ် ၇၅၂ ဒသမ ၈၄၀ သန်း ဝင်ရောက်မြှုပ်နှံထားကြသည်။



■ Read More - - - >>> https://news-eleven.com/article/288887


လွမ်းမောဖွယ်ရာ တောင်တန်းတွေကြားမှ ဘော်ဆိုင်း

ဘော်ဆိုင်းမြို့ကို ရှမ်းဘာသာဖြင့် မော်ဆုံဟုလည်း ခေါ်ဝေါ်သည်။ မော် ဟူသော ဝေါဟာရမှာ ရှမ်းဘာသာဖြင့် ငွေသတ္တုဟု အဓိပ္ပာယ်ရသည်။ ထိုဒေသတွင် ငွေ၊ ခဲစသော သတ္တုများ ထွက်ရှိခြင်းကြောင့် မော်ဆုံဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ်ရာမှ ဘော်ဆိုင်းဟု မြန်မာသံဖြင့် ခေါ်ဝေါ်လာဟန် ရှိသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြေလတ်ဒေသ၌ရှိသော မြို့ကလေးတစ်မြို့ဖြစ်ကာ ဓနု၊ တောင်ရိုးနှင့် အခြားတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်။

ဘော်ဆိုင်းသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၄၃၇၀ ပေ မြင့်သဖြင့် တောင်ကြီးမြို့နီးပါး မြင့်မားသည်ကို တွေ့ရသည်။ တောင်ပေါ်ဒေသ ဖြစ်သည့်အပြင် တောင်တန်းများ ဝန်းရံထားသဖြင့် ချမ်းအေးလွန်းလှသည်။ ဘော်ဆိုင်းမြို့၏ အကျယ်အဝန်းသည် အလျား တစ်မိုင်ခွဲ၊ အနံ ခြောက်ဖာလုံရှိ၍ မြို့မရပ်၊ သဖန်းပင်ရပ်၊ ကံဦးရပ်၊ ပြည်သာရပ်၊ ကံသာရပ်၊ ကံပြင်ရပ်၊ ကျောင်းတောင်ရပ်ဟူ၍ ရပ်ကွက် ခုနစ်ကွက်ရှိသည်။

■ Read More - - - >>> https://news-eleven.com/article/288870


အစားအစာနှင့်ဖော်မလင်


■ Written by : ဒေါက်တာလွင်သန့်

ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက်၊ မက်သနော၊ ရေ စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဖော်မလင်ကို သဘာဝအနေနဲ့ လူသေတွေတာရှည်ခံအောင်စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပိုးသတ်ရာမှာ သုံးပါတယ်။ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သင်္ဘောနဲ့သိုလှောင်ရုံတွေ သန့်ရှင်းရေးပြုလုပ်ရာမှာ သုံးပါတယ်။ အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေနှိမ်နင်းရာမှာ သုံးပါတယ်။ ပိုးထည်၊ ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ဖောက်ကွဲပစ္စည်းတွေပြုလုပ်ရာမှာ သုံးပါတယ်။ ဓာတ်မြေသြဇာနဲ ့ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။ အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင်ပြုလုပ်ရာမှာ သုံးပါတယ်။ လျှပ်ကာပစ္စည်းပြုလုပ်ရာမှာ သုံးပါတယ်။ အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်။ အစားအသောက်တွေ တာရှည်ခံအောင်သုံးနေကြပါတယ်။

■ Read More - - - >>> https://news-eleven.com/article/288867


ငြိမ်းချမ်း‌ရေး စူပါပါဝါ၊ စစ်ပွဲ စူပါပါဝါ

■ Written by : ရွှေသင် (MPP)

အမေရိကန်သည် ကမ္ဘာစစ်ကြီးနှစ်ခုအလွန်ကာလ ဆိုဗီယက်ပြည်ထောင်စုပြိုလဲခဲ့ပြီးနောက် ကမ္ဘာ့စူပါပါဝါဖြစ်လာခဲ့သည်။ ဆိုဗီယက်ခေတ်လွန်၊ ရုရှားကာလ၌ တရုတ်နိုင်ငံသည်လည်း တစ်ရှိန်ထိုးအားကောင်းလာခဲ့ပြီး စူပါပါဝါနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပြန်သည်။

စစ်ပွဲများနှင့်ပတ်သက်၍ အမြင်ကွဲပြားခြားနားမှု မည်သို့ရှိသနည်း။ အမေရိကန်အတွက် စစ်ပွဲများသည် ၎င်းတို့၏ရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေးတွင် အသုံးချနိုင်သည့် အခွင့်အရေးတစ်ခုဟု ယူဆပုံရှိနေသည်။ ယူကရိန်း-ရုရှားစစ်ပွဲ၊ ဟားမတ်စ်-အစ္စရေး ပဋိပက္ခတို့တွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုများကိုကြည့်၍ သတိပြုမိနိုင်သည်ဟုဆိုကြသည်။ တရုတ်နိုင်ငံကမူ စစ်ပွဲသည် ၎င်းတို့၏နိုင်ငံနှင့် ကမ္ဘာကြီး၏တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု ရှုမြင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက စစ်ပွဲများ အမြန်အဆုံးသတ်မှုကို နှစ်သက်သည်။ ကမ္ဘာနိုင်ငံအများစုက တရုတ်၏ ရှုမြင်ပုံကိုနှစ်သက်ကြ၏။

■ Read More - - - >>> https://news-eleven.com/article/288868


ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်း သုဝဏ္ဏဘုမ္မိ‌ လေဆိပ်၏ လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းများ စိတ်ပျက်စရာကောင်းနေကြောင်း တွေ့ရှိ

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် သုဝဏ္ဏဘုမ္မိလေဆိပ်၏ လုပ်ငန်းများကို ကြိုတင်ကြေညာခြင်းမရှိဘဲ စစ်ဆေးခဲ့ရာ ခရီးသည်များ ဆိုက်ရောက် ထွက်ခွာ လုပ်ငန်းစဉ်များသည် စိတ်ပျက်စရာ ကောင်းနေဆဲဆိုသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

"ဆိုက်ရောက်ခရီးသည်တွေဟာ လေယာဉ်ပေါ်ကဆင်း၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေဆီလာတာကို ကျွန်တော် အချိန်တွက်ခဲ့ပါတယ်။လုပ်ထုံးလုပ်နည်း အားလုံးကို အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီလုပ်ထုံး လုပ်နည်းတွေဟာ အချိန် ကြာလွန်းနေတာကို တွေ့ခဲ့ပါတယ်"ဟု ဆရတ်သာက လူမှုမီဒီယာ X တွင် ပို့စ်တင်ခဲ့သည်။



■ Read More - - - >>> https://news-eleven.com/article/288898


Видео недоступно для предпросмотра
Смотреть в Telegram
ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)

■ အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြနထားသည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ထိုင်းဘက်သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Bodder pass ဖြင့် ယခင်က သုံးမြို့နယ်အတွင်း သွားလာခွင့်ရှိသော်လည်း ယခုအခါ မဲဆောက်တစ်မြို့တည်းသာ ခွင့်ပြု
■ မြန်မာနိုင်ငံသားများ အများအပြားဝင်ရောက်လာမှုအတွက် စိုးရိမ်စရာအကြောင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား
■ ထိုင်ဝမ်အပေါ် ပြည်ပမှ ကြားဝင်စွက်ဖက်မှုများကို ထိန်းချုပ်သွားမည်ဟု တရုတ်ပြောကြား
■ ရုရှားနျူကလီးယားတပ်ဖွဲ့၏ ၉၅ ရာခိုင်နှုန်းကို အဆင့်မြှင့်တင်မွမ်းမံခဲ့ပြီးဖြစ်ကြောင်း ပူတင်ပြောကြား


■ ကမ္ဘောဒီးယား အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် အနိုင်ရ

ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ အာဏာရ CPP ပါတီက အနိုင်ရရှိခဲ့သည်။

အထက်လွှတ်တော် ရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံးချိန်တွင် အစောပိုင်းထွက်ရှိသည့် မဲရလဒ်များအရ CPP ပါတီက မဲပေးရွေးချယ်ခွင့်ရှိသည့် နေရာ ၅၈ နေရာအနက် နေရာ ၅၀ ထက်မနည်းကို အနိုင်ရခဲ့ကြောင်း ကြေညာခဲ့သည်။

ပါတီအနေဖြင့် ဧပြီလအတွင်းပြုလုပ်မည့် အထက်လွှတ်တော် အစည်းအဝေးတွင် ဟွန်ဆန်အား အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အဆိုပြုသွားမည်ဟု CPP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆန်က ပြောကြားခဲ့သည်။

■ Ref:AFP

■ ပုံစာ- ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်က ကမ္ဘောဒီးယားလွှတ်တော်တွင် အမှာစကားပြောကြားနေသည့် ဟွန်ဆန်အား တွေ့ရစဉ် (AP)


နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါအွန်လိုင်းမှလျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။ ထိုသို့ လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၆ ရက်အတွက်က စ၍ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါကဘိုကင်ရသော်လည်း နိုင်ငံကူးလက်မှတ်ကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းသိရသည်။

■ Read More - - - >>> https://news-eleven.com/article/288897


နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် စံချိန်တင်မြင့်တက်လာသည့် စစ်ဘေးရှောင်ဦးရေ

မြန်မာနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ၂၇ ရက်မှစပြီး လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာမှုကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီး၌ လူဦးရေ တစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) နှင့် PDF အပါအဝင် နိုင်ငံအနှံ့အပြားတွင် ကျယ်ပြန့်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်မှုများ ကြုံတွေ့ရပြီး အရပ်သားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အသေအပျောက် များခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

■ Read More - - - >>> https://news-eleven.com/article/288869


ဖေဖော်ဝါရီ ၂၆ ရက်ထုတ် Weekly Eleven News Journal မျက်နှာဖုံး


■ ဆက်တိုက်ဖမ်းဆီးခံနေရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ

■ နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် စံချိန်တင်မြင့်တက်လာသည့် စစ်ဘေးရှောင်ဦးရေ

■ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ

■ လွမ်းမောဖွယ်ရာ တောင်တန်းတွေကြားမှ ဘော်ဆိုင်း

■ ငြိမ်းချမ်း‌ရေး စူပါပါဝါ၊ စစ်ပွဲ စူပါပါဝါ

■ အစားအစာနှင့် ဖော်မလင်


ဆက်တိုက် ဖမ်းဆီးခံနေရတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ


ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ပြီး ထိုင်း နိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနက် အများစုမှာ အောက်လမ်းမှတရားမဝင်သွားရောက် လုပ်ကိုင်မှုကြောင့်ဖြစ်သည်ဟု ထိုင်းအခြေစိုက် ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများကို လက်ခံကြိုဆိုနေမည်ဖြစ်သော်လည်း တရားမဝင်ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်း ဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/288873


တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ

တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ငါးဖမ်းသမားများအတွက် လောင်စာများ ထောက်ပံ့သည့် ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောတစ်စင်းကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင်က ဖေဖော်ဝါရီ ၂၅ ရက် တွင် စွပ်စွဲခဲ့ပြီး ယင်းသည် သီတင်းနှစ်ပတ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျောက်တန်းတစ်ခုအနီးတွင် ဒုတိယမြောက် ဖြစ်စဉ်တစ်ခုဖြစ်သည်။


■ Read More - - - >>> https://news-eleven.com/article/288890


သီရိလင်္ကာက ရုရှားနှင့် ယူကရိန်းနိုင်ငံသားများအတွက် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးမှုများကို အဆုံးသတ်ကြောင်း ကြေညာ

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်းနိုင်ငံသားထောင်ချီကို သီရိလင်္ကာတွင် နေထိုင်နိုင်ရန်အတွက် မူဝါဒတစ်ခုအဖြစ် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးပေးမှုများကို အဆုံးသတ်ပြီဖြစ်ကြောင်း သီရိလင်္ကာက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရုရှားနိုင်ငံသား ၂၈၈၀၀၀ ကျော်နှင့် ယူကရိန်းနိုင်ငံသား ၂၀၀၀၀ နီးပါးသည် သီရိလင်္ကာသို့ လာရောက်ခဲ့သည်ဟု တရားဝင်မှတ်တမ်းများတွင် ဖော်ပြထားသည်။

■ Read More - - - >>> https://news-eleven.com/article/288888

Показано 20 последних публикаций.