မုံရွာမှာ စစ်အုပ်စုက စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အကြိမ်ကြိမ် အဓမ္မပြုကျင့်
MN/MFP ၊ နိုဝင်ဘာ - ၂၉
စစ်ကိုင်းတိုင်း မုံရွာနယ်ထဲကို စစ်အုပ်စုက စစ်ကြောင်းထိုးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီးတွေကို ဟိုတယ်တွေမှာ ခေါ်ထားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ ကာယကံရှင် အမျိုးသမီးတွေရဲ့ ထွက်ဆိုတိုင်ကြားချက်အရ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ( မုံရွာ-ပလဖ) က MFP ကို ပြောပါတယ်။
စစ်အုပ်စုက မုံရွာမြို့နယ်ထဲ စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေက ဒေသခံအမျိုးသမီးတွေနဲ့ အခြားဖမ်းဆီးထားတဲ့ အပြစ်မဲ့ အမျိုးသမီးတွေကို မုံရွာမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ကျူးလွန်နေတာဖြစ်တယ်လို့ မုံရွာ-ပလဖ တာဝန်ရှိသူက ဆိုပါတယ်။
“ကျွန်တော်တို့ဆီမှာ စစ်ကောင်စီက ဖျက်ဆီးလိုက်တဲ့ မိန်းမပျိုလေးတွေ ရောက်နေပါတယ်။ ဖြစ်စဉ်တစ်ခုဆိုရင် နယ် ဘက်မှာ (စစ်အုပ်စု)စစ်ကြောင်းထိုးနေရင်းနဲ့ မိန်းမပျိုလေးတွေ ဖမ်းဆီးခံလိုက်ရတယ်။ မိန်းကလေးတွေက PDF လည်း မဟုတ်ဘူးဗျ။ သာမန်ပြည်သူတွေပါ။ သူတို့(စစ်အုပ်စု)က ကောင်မလေးတွေကို ငါ့မယားလုပ် မလား ဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်တယ်။ ကောင်မလေးတွေကို ထားတာကလည်း တည်းခိုခန်းတို့ ဟိုတယ်တို့မှာထား တယ်။(စစ်အုပ်စု)ဗိုလ်က မုဒိမ်းကျင့်တယ်။ ပြီးသွားရင် တခြားတစ်ယောက်က လာပြီးတော့ မုဒိမ်းဆက်ကျင့်တယ် ။ အဲဒီလို ဖြစ်စဉ်တွေက အများကြီးကို ဖြစ်နေတာပါ။ ဖြစ်စဉ်တွေမှာဆိုရင် ဟိုတယ်ပိုင်ရှင်တွေ တည်းခိုခန်းပိုင်ရှင် တွေပါ ပါဝင်ပတ်သက်နေတယ်” လို့ မုံရွာ-ပလဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ရုံမက ခြိမ်းခြောက်ငွေပေးပြီး သတင်းပေးဒလန်ပုံစံမျိုး လုပ်ဆောင် ခိုင်း တာတွေလည်း ရှိနေတယ်လို့ မုံရွာ ပလဖ တာဝန်ခံက ဆက်ပြောပါတယ်။
“သူတို့(စစ်အုပ်စု) မုဒိမ်းကျင့်ပြီးသွားရင် အဲဒီ အမျိုးသမီးလေးတွေကို ဆေး(သန္ဓေတားဆေး)တိုက်တယ်။ ပြီးသွား ရင်ငွေထုတ်ပေးပြီးတော့ ဖုန်းတစ်လုံးပေးလိုက်တယ်။ အဲဒီဖုန်းကလည်း ခြေရာခံလို့ရတဲ့ GPS စနစ် ထည့်ပေး ထား တယ်။ နောက်ပြီးတော့ စကစ (စစ်အုပ်စု)တွေက အမျိုးသမီးတွေကို ခြိမ်းခြောက်တယ်။ သူတို့ခိုင်းတဲ့အတိုင်း လုပ် ပေးရမယ် သတ်မှတ်ရက်အတွင်း သူတို့(စစ်အုပ်စု)ဆီ ပြန်မလာဘူးဆိုရင် သူတို့ရွာတွေ နေအိမ်တွေကို မီးရှို့ပစ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်ထားသေးတယ်” လို့ မုံရွာမြို့နယ် ပလဖ တာဝန်ခံက ဆိုပါတယ်။
စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နိုင်အောင် ဟိုတယ်အခန်းတွေကို ပိုင်ရှင်တွေက အခ မဲ့ တည်းခိုခွင့်ပြုထားဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ အလိုတူအလိုပါ ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်နေ တဲ့ ဟိုတယ်၊ တည်းခိုခန်းပိုင်ရှင်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ မုံရွာမြို့နယ် ပလဖက ဆိုပါတယ်။
“ အလိုတူ အလိုပါတွေပေါ့။ ဒီကောင်တွေ(စစ်အုပ်စု)ကို ဟိုတယ်နဲ့တည်းခိုခန်းပိုင်ရှင်တွေက open (အခကြေး ငွေ မယူဘဲ)ထားပေးထားတာ။ သူတို့ကိုပါ ကျွန်တော်တို့က အရေးယူသွားမှာ”လို့ မုံရွာမြို့နယ်-ပလဖ တာဝန်ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုက အမျိုးသမီးတွေကို ခြိမ်းခြောက်ဖမ်းဆီးပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်နေတာနဲ့ပတ်သက်ပြီး ကာယ ကံရှင် အမျိုးသမီးတွေရဲ့ ပြောဆိုချက်တွေ ဟိုတယ်နဲ့ တည်းခိုခန်းအမည်တွေ အဓမ္မပြုကျင့်ရာမှာ ပါဝင်ခဲ့တဲ့ စစ် အုပ်စုတွေရဲ့ အမည်နဲ့ အဆင့်တွေကိုပါ မကြာခင်ထုတ်ပြန်သွားမယ်လို့လည်း မုံရွာ-ပလဖက ဆိုပါတယ်။
ဒါ့အပြင် မုံရွာမြို့ပေါ်မှာ မြို့ခံပြည်သူတွေဆီကနေ အနိုင်ကျင့်ပြီး ငွေကြေးအဓမ္မ ကောက်ခံနေတဲ့ စစ်အုပ်စု လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေ၊ အခွန်ကောက် ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ Passport ဝန်ထမ်းတွေ စတဲ့ Non CDM ဝန်ထမ်းတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ အရေးယူသွားမှာဖြစ်တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန် အသိပေးထားပါတယ်။
#Mandalay_Free_Press_MFP