Фильтр публикаций


ထိုင်းရောက် မြန်မာပြည်သားတွေရဲ့ချွေးနဲစာတွေကိုလိိုက်လိမ်နေတဲ့ Naw War Hlaing နာမည်နဲ့ ငွေလွှဲ Page အတုကို RP ဝိုင်းကျွေးကြပါ
https://www.facebook.com/share/19BUwmF4hi/

အဲ့ Page ကိုဆက်သွယ်ပီး ငွေလွှဲတဲ့ ဘယ်အကောင့်ကိုမဆို သူတို့ဆီငွေရောက်ပီဆ်ိုတာနဲ့ ဘလော့သွားပါလိမ့်မယ်


ကျားဖြန့်နဲ့ ဇလန်းစကီးကလွဲရင်
အခြား ဘာထူးသေးလဲ


ကိုယ့်ဘာသာပျင်းလို့ ဘာပုတ်မှ မတင်တာကို

ဘာဖြစ်လို့ ဘာပုတ်မှ မတင်တာလည်းဆိုပီး ပြသနာရှာတဲ့သူကရှိသေးတယ်

အော် ဒုက္ခ ဒုက္ခ
Ye Thar


ကိုနိုင်ထူးအောင် MOD က နုတ်ထွက်တယ်ကြားတော့ စိတ်မကောင်းဘူး
အင်မတန် စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်ပါ
၂၀၂၁ ထဲက ရဲဘော်ကြီး
တော်လှန်ရေးမှာ ဆက်ရှိနေမယ်ပြောလို့ ဝမ်းသာပါတယ်
Ye Thar


ကျားဖြန့်က တစ်မျိုး
မအလက တစ်မျိုး
အော် ဘဝ ဘဝ


မြန်မာအမျိုးသမီးများ ကိုယ့်အမျိုးဂုဏ်ကိုထိန်းကြပါ

ငွေတစ်ခုကြောင့်နဲ့ တိုင်းတစ်ပါးရဲ့ ကလေးမွေးစက် မျိုးပွားစက် ဘယ်တော့မှ ဖြစ်မသွားစေနဲ့
Ye Thar


တရုတ်နိုင်ငံမှာ လူဦးရေ 1.4 Billion သန်း ၁၄၀၀ တောင်ရှိတာ ၊ အဲ့ထဲမှာ သူတို့ကိုယူမယ့် တရုတ်မ တစ်ယောက်မှ မရှိဘူးထင်တယ်
Ye Thar

17k 0 2 11 180

ချမ်းသာတဲ့နိုင်ငံကလူတွေက ဆင်းရဲတဲ့နိုင်ငံကမိန်းမတွေကိုလိုက်ယူလေ့ ရှိကြတယ်

ဘာဖြစ်လို့လည်းဆိုတော့ သူတို့နိုင်ငံမှာ သူတို့မှာရှိတဲ့ရုပ်ရည် ငွေကြေးနဲ့ သူတို့နိုင်ငံသား မိန်းမတစ်ယောက်တောင် မရနိုင်လို့ပဲ ၊ ဘယ်သူမှမယူဘူးသူတို့ကို

အဲ့တော့ သူတို့မှာရှိတဲ့ငွေအနည်းငယ်နဲ့ ဆင်းရဲတဲ့နိုင်ငံကမိန်းမတွေကို လိုက်ယူတယ် အချို့တွေပွဲစားနဲ့ချိတ်တယ် ၊ သူတို့ရဲ့အဓိကရည်ရွယ်ချက်က မျိုးပွားဖို့ပဲ ၊ ယူပီးမကြာဘူး ကလေးမွေးခိုင်းတယ်

အဲ့ဒါတွေယူပီးရင်ရော အလုပ်မလုပ်ရတော့ဘူးလို့မထင်နဲ့ ၊ ကလေးမွေးပြီးပြီဆိုတာနဲ့ စက်ရုံတွေမှာ နေ့ဆိုင်းညဆိုင်းလုပ်ရပီ ခိုင်းစားပီ

ကိုယ်တွေက ကိုရီးယားမှာ ဆယ်စုနှစ်တစ်ခုကျော်နေလာတာ ဒါမျိုးတွေက ရိုးဟိုးနေပီ
သူတို့တွေလည်း ဗီယက်နမ်မတွေကို ယူကြတာပဲ

လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကိုရီးယားဦးလေးကြီးတစ်ယောက်လာမေးဖူးတယ် ၊ မြန်မာမိန်းမငယ်ငယ်ချောချောလေးတစ်ယောက်လောက် လိုချင်လို့တဲ့ ရှိလားတဲ့

ကိုယ်ကတော့ ပြန်ဆဲပေးလိုက်တယ်
ကိုယ်တွေဘာသာစကားတွေကို သင်တဲ့ရည်ရွယ်ချက်ရဲ့ တစ်ဝက်လောက်က အဲ့လိုဟာတွေတွေ့ရင် ပြန်ဆဲဖို့ 😅
ကိုရီးယားစကားကို ကိုရီးယားလူမျိုးတစ်ယောက်လိုကိုပြောတတ်တယ် လာတော့မရူပ်နဲ့ ပိုရူပ်သွားမယ်
ဒါပါပဲ
Ye Thar


ရူးနေကြလားမသိဘူး ကျားဖြန့်ကိုဆန္ဒပြရမှာ ထိုင်းကိုဆန္ဒပြရမှာမဟုတ်ဘူး..
ကျားဖြန့်ရှိလို့ မီးဖြတ်တာ မဟုတ်ဘူးလား
Ye Thar


ဖြန့်ဖြန့်တို့ ဒီနေ့ည မီးထိန်ထိန်လင်းနေသေးလားဆိုတာ စောင့်ကြည့်ရမယ် ၊ မဲဆောက်ကနေ ဓာတ်ပုံရိုက်ကြပါ ၊ အခြေအနေမကောင်းရင် မအလရဲ့သား ဆိုလာပြား လာရောင်းပေးလိမ့်မယ်
Ye Thar


ကျားကျားဖြန့်ဖြန့်တို့
မနက်ဖြန် မီးပျက်ပီဆို
🕯


တာဇံဆိုတာ တောမှာနေတဲ့သူတွေကိုခေါ်တာမဟုတ်ဘူး

ဘယ်နေရာရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် လူလိုမသိတတ်ရင် ရန်ကုန်မြို့လယ်ခေါင်မှာမွေးလည်း အဲ့ဒါ တာဇံပဲ
Ye Thar


၂ လပိုင်းရောက်ပီ
မိုးတွင်းမရောက်ခင်
စစ်တိုက်ဖို့အတွက် အချိန်အများကြီး မရှိဘူး


တော်လှန်သူတွေရဲ့ အိမ်တွေ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရတယ် ၊ သက်သက်ခိုင်ရဲ့ ရွှေဆိုင် ချိတ်ပိတ်မခံရသေးဘူး
အဲ့ဒါ မတရားဘူး


သက်သက်ခိုင်
ဝန်ကြီးရာထူးမှ အလုပ်ပြုတ်

16k 0 6 3 270

မနက်ဖြန် စခတွေ
တိုင်းပြည်အာဏာလုတာ
၄ နှစ်ပြည့်ပီ


ခြေလျင်၊ ခြေမြန် တပ်ရင်း (၁၁) ရင်း၊ အမြောက်တပ်ရင်း (၂) ရင်း၊ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း (၂) ရင်း စုစုပေါင်း ခြေလျင်၊ ခြေမြန် (၁၅) ရင်း နဲ့ အမြောက် တပ်ရင်း (၂) ရင်း၊ လက်ရုံးတပ်ရင်း (၁၃) ရင်း ပဲ ရှိတယ်လို့ Kispanadi Times က ဖော်ပြထားပါတယ်။ တပ်အင်အားအရ အခြေစိုက်ထားမှု နည်းပါးတဲ့ အတွက် တကယ် တိုက်မယ်ဆိုရင် တတိယမြောက် အသိမ်းခံရတဲ့ စစ်တိုင်းဌာနချုပ်ဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဖြစ်သွားနိုင်ပါတယ်။

သုံးသပ်ချက်
မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ကြားက စစ်မျက်နှာအကန့်မှာ စစ်ရေးလှုပ်ရှားနိုင်ရင် လက်နက်ကိုင် တော်လှန်ရေးအတွက် မဟာဗျူဟာ ဟန်ချက်ညီမှု ရရှိလာမှာဖြစ်ပါတယ်။ ပြည် နဲ့ ပုသိမ် မြို့ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ သိမ်းပိုက်ခံရနိုင်ခြေများနေပါတယ်။ ဒီစစ်မျက်နှာ အကန့်မှာ မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ရင်တောင်မှ စစ်ကစားမှု ကြီးကြီးမားမား ဖော်ထုတ်ခြင်းနဲ့ကို စစ်ရေး နဲ့ နိုင်ငံရေးအရ ကြီးမားတဲ့ အကျိုးအမြတ်တွေကို တော်လှန်ရေး အင်အားစုတွေ ရရှိမှာဖြစ်ပါတယ်။ စစ်ရေးအရ ဆိုရင် ရန်သူ အနေနဲ့ နောက်တန်း အနားယူ၊ ပြင်ဆင်စုဖွဲ့စရာ နေရာ ပျောက်သွားမှာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ရန်သူကို ကျယ်ပြန်တဲ့ စစ်မျက်နှာသစ်မှာ ကြားဖြတ် တိုက်ခိုက်တာ၊ စစ်ကြောင်း ချေမှုန်းတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆိုရင် မြန်မာ နိုင်ငံကို လက်တွေ့ အုပ်ချုပ်နေတာ၊ စိုးမိုးနေတာ စစ်အာဏာရှင်တွေ မဟုတ်ဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို ပြည်တွင်းနဲ့ ပြည်ပက ပိုမိုရှင်းရှင်းလင်းလင်း သိမြင်လာမှာဖြစ်ပါတယ်။ အဲဒီအချက်တွေကြောင့် မကွေး၊ ပြည်၊ ပုသိမ် စစ်မျက်နှာအကန့်ဟာ အရေးပါပါတယ်။ မကြာခင်လတွေမှာ အဲဒီ နယ်မြေကနေ သတင်းကောင်းတွေ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight


မကွေး၊ ပြည်၊ ပုသိမ်
…………………………
နွေဦးတော်လှန်ရေးမှာ သိသိသာသာ တိုက်ခိုက်မှု အရှိန်မြှင့်ဖို့ ကျန်နေသေးတဲ့ ဒေသတွေမှာ မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ကြားက စစ်မျက်နှာ အကန့်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်း နယ်မြေလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်မှုတွေဟာ မြောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသမှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ ကျန်ဒေသတွေမှာလည်း အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်လျက်ရှိပေမယ့်လည်း မြောက်ပိုင်း၊ တောင်ပိုင်းတွေနဲ့ ယှဉ်ရင် သိသိသာသာ အားနည်းပါတယ်။ ဒီလို ဖြစ်နေတာကို မဟာဗျူဟာအရ စစ်ရေး ဟန်ချက်ပျက်နေတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ရန်သူအနေနဲ့ အနောက်တောင်ပိုင်း အကန့်မှာ အင်အားစုစည်းတာ၊ အနားယူတာ၊ စစ်လက်နက် ထုတ်လုပ်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ ကြား နယ်မြေမှာ ခုခံတိုက်ခိုက်မှု အရှိန်မြင့်လာမယ်ဆိုရင် မဟာဗျူဟာ ဟန်ချက်ညီမှု ရရှိလာမှာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာ ဟန်ချက်ညီ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

🔺 မကွေး
မကွေးဒေသဟာ စစ်တပ်ရဲ့ လက်နက်စက်ရုံ (ကပစ) တွေ အများဆုံး ရှိတဲ့ နယ်မြေတခု ဖြစ်ပြီး ခုခံတိုက်ခိုက်မှုတွေ အရှိန်ရလာတဲ့ နယ်မြေဖြစ်ပါတယ်။ ချင်းတောင်တန်းဒေသ နဲ့ ရခိုင်ဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတဲ့နောက်မှာ ယောနယ် နဲ့ ဂန့်ဂေါ နယ်ဟာ နောက်ကျောလုံလာပြီ ဖြစ်ပါတယ်။ တော်လှန်တိုက်ခိုက်မှု နောက်တဆင့်ကို တက်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ အခြေအနေကောင်းတွေကို မကွေးက ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မကွေးတိုင်းတွင်းက ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ သရက်ခရိုင်၊ မင်းဘူး ခရိုင်တို့ဟာ ခုခံတိုက်ခိုက်မှုအားကောင်းပြီး နယ်မြေတွေ ဖြစ်ပါတယ်။ လက်နက်စက်ရုံတွေကို မသိမ်းပိုက်နိုင်ရင်တောင်မှ လက်နက်စက်ရုံတွေ နဲ့ ရန်သူ့တပ်တွေကြား ဆက်သွယ်ရေး လမ်းကြောင်းကို ကြီးကြီးမားမား ဟန့်တား နိုင်ရင်ကို စစ်အာဏာရှင်တွေအနေနဲ့ ကြီးမားတဲ့ စစ်ရေး စိန်ခေါ်ချက်တွေ့မှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်ကျွန်းကို အမေရိကန်ကနေ ထောက်ပို့ပစ္စည်းတွေ ပေးပို့တဲ့ ရေကြောင်းလမ်းကို ဂျာမနီက ယူဘုတ် ရေငုပ်သင်္ဘောတွေ အသုံးပြုပြီး ပိတ်ဆို့တဲ့ အတ္တလန်တစ် တိုက်ပွဲလို မကွေး ကပစ စက်ရုံ ထောက်ပို့ လမ်းကြောင်း ပိတ်ဆို့ရေး တိုက်ပွဲတွေက အရေးပါလာမှာဖြစ်ပါတယ်။

🔺 ပြည်
မြန်မာနိုင်ငံ အနောက်ဘက်ဒေသက အဓိက မြို့ကြီးတမြို့ဖြစ်ပြီး ရခိုင်ဒေသရဲ့ ဝင်ပေါက် ဖြစ်တဲ့ ပြည် မြို့ဟာ အခုချိန်ထိ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ကြီးကြီးမားမားကို မတွေ့ရသေးပါဘူး။ ရန်သူ့ ဘက်က ဒကစ ပြည်ဟာ ပြည်မြို့မှာပဲ အခြေစိုက်ပါတယ်။ ဒါပေမယ့်လည်း ပြည်ဟာ ထိုးစစ်လမ်းကြောင်း (၂) ခု ကြားကို ရောက်နေပြီ ဖြစ်ပါတယ်။ ရခိုင်ဒေသတခုလုံးကို ထိန်းချုပ်ပြီးတဲ့နောက်မှာ အမ်းတောင်ကြားလမ်းကနေတဆင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပြည်မြို့ကို ဦးတည်လာပြီဖြစ်ပါတယ်။ ပြည်မြို့အောက်ဘက် နယ်မြေတွေ ဖြစ်တဲ့ ပဲခူးရိုးမ အနောက်ခြမ်း နဲ့ ရိုးမ ဒေသဟာ နဂိုကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ လှုပ်ရှား အားကောင်းရာ ဒေသဖြစ်ပါတယ်။ လက်ရှိမှာကို ရိုးမ ပေါ်က တော်လှန်ရေး တပ်တွေဟာ ရိုးမအစပ် နယ်မြေတွေကို ဆင်းပြီး လှုပ်ရှားတိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ လက်ရှိထိ အင်အားကြီးမားလာမယ်ဆိုရင် ရန်ကုန်-ပြည် လမ်းမပေါ်မှာပါ ပုံမှန် တိုက်ခိုက်နိုင်လာမှာ ဖြစ်ပါတယ်။ ရန်သူ့တပ်ရင်း အများစု နဲ့ တပ်အင်အားစုဆောင်းရာဟာ ပဲခူးရိုးမ အနောက်ခြမ်း နယ်မြေတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ စိတ်အေးလက်အေးနေလို့ရသေးတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ရန်ကုန်-ပြည် လမ်းမ တလျောက်မှာသာ တိုက်ခိုက်မှု တိုးပွားလာရင် အဲဒီ အခြေအနေ ပျက်သွားပြီး စစ်တပ်အနေနဲ့ ခိုလှုံ အနားယူစရာနေရာ ရှားပါးသွားမှာ ဖြစ်ပါတယ်။

🔺 ပုသိမ်
ဧရာဝတီတိုင်းဟာ မြို့ပြလှုပ်ရှားမှု အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ အရေးပါတဲ့ စစ်မျက်နှာအဖြစ် ပေါ်ထွန်းလာပါတယ်။ အဓိက ကတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဧရာဝတီတိုင်း နယ်မြေ ကို ရောက်ရှိလာတဲ့ အတွက်ဖြစ်ပါတယ်။ လက်ရှိတင်ကို ဧရာဝတီတိုင်း မြို့တော် ပုသိမ် မြို့နယ် နဲ့ နာမည်ကျော် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသတွေကို အာရက္ခ တပ်တော် ထိုးစစ်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဟာ ရန်ကုန်မြို့ကို စိမ့်ဝင်ထိုးဖောက်နိုင်ရေး ဒေသခြင်းလဲ နီးစပ်နေတဲ့အတွက် အရေးပါတဲ့ နယ်မြေတခုလဲ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် တော်လှန်ရေးတွေ အားကောင်းရာ ဒေသ တခု ဖြစ်ပါတယ်။ ဧရာဝတီတိုင်း တခုလုံးကို စိုးမိုးနယ်မြေ အဖြစ် ဖော်ဆောင်နိုင်မယ်ဆိုရင် တနင်္ဿာရီ၊ မွန် ဒေသ နဲ့ ရေလမ်းကြောင်းကနေ ချိတ်ဆက်ရေး၊ ရန်ကုန်တိုင်း အနီးမှာ ကြီးမားတဲ့ အခြေခံ နယ်မြေ ဖော်ထုတ်ရေးတွေ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ပုသိမ် နဲ့ ဧရာဝတီ နယ်မြေမှာ စစ်ရေးလှုပ်ရှားခြင်းကြောင့် ရန်သူ့ အနေနဲ့ အနာယူလို့ရတဲ့ နယ်မြေ တခု ဆုံးရှုံးသွားမှာဖြစ်သလို အဓိက မြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့ပြ ဒေသ ကို ပြောက်ကျား နယ်မြေ ဖော်ထုတ်ပြီး ဝိုင်းပတ် ပိတ်ဆို့မှု လုပ်ဆောင်ရေး ပထမ အဆင့် ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ


🚩🚩🚩🚩🚩🚩


ပဲခူးတိုင်းက စခတွေ AA ကို ကြောက်နေကြပီ..
Ye Thar

Показано 20 последних публикаций.