Postlar filtri


ခြေလျင်၊ ခြေမြန် တပ်ရင်း (၁၁) ရင်း၊ အမြောက်တပ်ရင်း (၂) ရင်း၊ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း (၂) ရင်း စုစုပေါင်း ခြေလျင်၊ ခြေမြန် (၁၅) ရင်း နဲ့ အမြောက် တပ်ရင်း (၂) ရင်း၊ လက်ရုံးတပ်ရင်း (၁၃) ရင်း ပဲ ရှိတယ်လို့ Kispanadi Times က ဖော်ပြထားပါတယ်။ တပ်အင်အားအရ အခြေစိုက်ထားမှု နည်းပါးတဲ့ အတွက် တကယ် တိုက်မယ်ဆိုရင် တတိယမြောက် အသိမ်းခံရတဲ့ စစ်တိုင်းဌာနချုပ်ဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဖြစ်သွားနိုင်ပါတယ်။

သုံးသပ်ချက်
မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ကြားက စစ်မျက်နှာအကန့်မှာ စစ်ရေးလှုပ်ရှားနိုင်ရင် လက်နက်ကိုင် တော်လှန်ရေးအတွက် မဟာဗျူဟာ ဟန်ချက်ညီမှု ရရှိလာမှာဖြစ်ပါတယ်။ ပြည် နဲ့ ပုသိမ် မြို့ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ သိမ်းပိုက်ခံရနိုင်ခြေများနေပါတယ်။ ဒီစစ်မျက်နှာ အကန့်မှာ မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ရင်တောင်မှ စစ်ကစားမှု ကြီးကြီးမားမား ဖော်ထုတ်ခြင်းနဲ့ကို စစ်ရေး နဲ့ နိုင်ငံရေးအရ ကြီးမားတဲ့ အကျိုးအမြတ်တွေကို တော်လှန်ရေး အင်အားစုတွေ ရရှိမှာဖြစ်ပါတယ်။ စစ်ရေးအရ ဆိုရင် ရန်သူ အနေနဲ့ နောက်တန်း အနားယူ၊ ပြင်ဆင်စုဖွဲ့စရာ နေရာ ပျောက်သွားမှာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ရန်သူကို ကျယ်ပြန်တဲ့ စစ်မျက်နှာသစ်မှာ ကြားဖြတ် တိုက်ခိုက်တာ၊ စစ်ကြောင်း ချေမှုန်းတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆိုရင် မြန်မာ နိုင်ငံကို လက်တွေ့ အုပ်ချုပ်နေတာ၊ စိုးမိုးနေတာ စစ်အာဏာရှင်တွေ မဟုတ်ဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို ပြည်တွင်းနဲ့ ပြည်ပက ပိုမိုရှင်းရှင်းလင်းလင်း သိမြင်လာမှာဖြစ်ပါတယ်။ အဲဒီအချက်တွေကြောင့် မကွေး၊ ပြည်၊ ပုသိမ် စစ်မျက်နှာအကန့်ဟာ အရေးပါပါတယ်။ မကြာခင်လတွေမှာ အဲဒီ နယ်မြေကနေ သတင်းကောင်းတွေ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight


မကွေး၊ ပြည်၊ ပုသိမ်
…………………………
နွေဦးတော်လှန်ရေးမှာ သိသိသာသာ တိုက်ခိုက်မှု အရှိန်မြှင့်ဖို့ ကျန်နေသေးတဲ့ ဒေသတွေမှာ မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ကြားက စစ်မျက်နှာ အကန့်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်း နယ်မြေလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်မှုတွေဟာ မြောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသမှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ ကျန်ဒေသတွေမှာလည်း အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်လျက်ရှိပေမယ့်လည်း မြောက်ပိုင်း၊ တောင်ပိုင်းတွေနဲ့ ယှဉ်ရင် သိသိသာသာ အားနည်းပါတယ်။ ဒီလို ဖြစ်နေတာကို မဟာဗျူဟာအရ စစ်ရေး ဟန်ချက်ပျက်နေတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ရန်သူအနေနဲ့ အနောက်တောင်ပိုင်း အကန့်မှာ အင်အားစုစည်းတာ၊ အနားယူတာ၊ စစ်လက်နက် ထုတ်လုပ်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ မကွေး၊ ပြည် နဲ့ ပုသိမ် မြို့ (၃) မြို့ ကြား နယ်မြေမှာ ခုခံတိုက်ခိုက်မှု အရှိန်မြင့်လာမယ်ဆိုရင် မဟာဗျူဟာ ဟန်ချက်ညီမှု ရရှိလာမှာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာ ဟန်ချက်ညီ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

🔺 မကွေး
မကွေးဒေသဟာ စစ်တပ်ရဲ့ လက်နက်စက်ရုံ (ကပစ) တွေ အများဆုံး ရှိတဲ့ နယ်မြေတခု ဖြစ်ပြီး ခုခံတိုက်ခိုက်မှုတွေ အရှိန်ရလာတဲ့ နယ်မြေဖြစ်ပါတယ်။ ချင်းတောင်တန်းဒေသ နဲ့ ရခိုင်ဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတဲ့နောက်မှာ ယောနယ် နဲ့ ဂန့်ဂေါ နယ်ဟာ နောက်ကျောလုံလာပြီ ဖြစ်ပါတယ်။ တော်လှန်တိုက်ခိုက်မှု နောက်တဆင့်ကို တက်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ အခြေအနေကောင်းတွေကို မကွေးက ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မကွေးတိုင်းတွင်းက ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ သရက်ခရိုင်၊ မင်းဘူး ခရိုင်တို့ဟာ ခုခံတိုက်ခိုက်မှုအားကောင်းပြီး နယ်မြေတွေ ဖြစ်ပါတယ်။ လက်နက်စက်ရုံတွေကို မသိမ်းပိုက်နိုင်ရင်တောင်မှ လက်နက်စက်ရုံတွေ နဲ့ ရန်သူ့တပ်တွေကြား ဆက်သွယ်ရေး လမ်းကြောင်းကို ကြီးကြီးမားမား ဟန့်တား နိုင်ရင်ကို စစ်အာဏာရှင်တွေအနေနဲ့ ကြီးမားတဲ့ စစ်ရေး စိန်ခေါ်ချက်တွေ့မှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်ကျွန်းကို အမေရိကန်ကနေ ထောက်ပို့ပစ္စည်းတွေ ပေးပို့တဲ့ ရေကြောင်းလမ်းကို ဂျာမနီက ယူဘုတ် ရေငုပ်သင်္ဘောတွေ အသုံးပြုပြီး ပိတ်ဆို့တဲ့ အတ္တလန်တစ် တိုက်ပွဲလို မကွေး ကပစ စက်ရုံ ထောက်ပို့ လမ်းကြောင်း ပိတ်ဆို့ရေး တိုက်ပွဲတွေက အရေးပါလာမှာဖြစ်ပါတယ်။

🔺 ပြည်
မြန်မာနိုင်ငံ အနောက်ဘက်ဒေသက အဓိက မြို့ကြီးတမြို့ဖြစ်ပြီး ရခိုင်ဒေသရဲ့ ဝင်ပေါက် ဖြစ်တဲ့ ပြည် မြို့ဟာ အခုချိန်ထိ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ကြီးကြီးမားမားကို မတွေ့ရသေးပါဘူး။ ရန်သူ့ ဘက်က ဒကစ ပြည်ဟာ ပြည်မြို့မှာပဲ အခြေစိုက်ပါတယ်။ ဒါပေမယ့်လည်း ပြည်ဟာ ထိုးစစ်လမ်းကြောင်း (၂) ခု ကြားကို ရောက်နေပြီ ဖြစ်ပါတယ်။ ရခိုင်ဒေသတခုလုံးကို ထိန်းချုပ်ပြီးတဲ့နောက်မှာ အမ်းတောင်ကြားလမ်းကနေတဆင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပြည်မြို့ကို ဦးတည်လာပြီဖြစ်ပါတယ်။ ပြည်မြို့အောက်ဘက် နယ်မြေတွေ ဖြစ်တဲ့ ပဲခူးရိုးမ အနောက်ခြမ်း နဲ့ ရိုးမ ဒေသဟာ နဂိုကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ လှုပ်ရှား အားကောင်းရာ ဒေသဖြစ်ပါတယ်။ လက်ရှိမှာကို ရိုးမ ပေါ်က တော်လှန်ရေး တပ်တွေဟာ ရိုးမအစပ် နယ်မြေတွေကို ဆင်းပြီး လှုပ်ရှားတိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ လက်ရှိထိ အင်အားကြီးမားလာမယ်ဆိုရင် ရန်ကုန်-ပြည် လမ်းမပေါ်မှာပါ ပုံမှန် တိုက်ခိုက်နိုင်လာမှာ ဖြစ်ပါတယ်။ ရန်သူ့တပ်ရင်း အများစု နဲ့ တပ်အင်အားစုဆောင်းရာဟာ ပဲခူးရိုးမ အနောက်ခြမ်း နယ်မြေတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ စိတ်အေးလက်အေးနေလို့ရသေးတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ရန်ကုန်-ပြည် လမ်းမ တလျောက်မှာသာ တိုက်ခိုက်မှု တိုးပွားလာရင် အဲဒီ အခြေအနေ ပျက်သွားပြီး စစ်တပ်အနေနဲ့ ခိုလှုံ အနားယူစရာနေရာ ရှားပါးသွားမှာ ဖြစ်ပါတယ်။

🔺 ပုသိမ်
ဧရာဝတီတိုင်းဟာ မြို့ပြလှုပ်ရှားမှု အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ အရေးပါတဲ့ စစ်မျက်နှာအဖြစ် ပေါ်ထွန်းလာပါတယ်။ အဓိက ကတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဧရာဝတီတိုင်း နယ်မြေ ကို ရောက်ရှိလာတဲ့ အတွက်ဖြစ်ပါတယ်။ လက်ရှိတင်ကို ဧရာဝတီတိုင်း မြို့တော် ပုသိမ် မြို့နယ် နဲ့ နာမည်ကျော် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသတွေကို အာရက္ခ တပ်တော် ထိုးစစ်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဟာ ရန်ကုန်မြို့ကို စိမ့်ဝင်ထိုးဖောက်နိုင်ရေး ဒေသခြင်းလဲ နီးစပ်နေတဲ့အတွက် အရေးပါတဲ့ နယ်မြေတခုလဲ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် တော်လှန်ရေးတွေ အားကောင်းရာ ဒေသ တခု ဖြစ်ပါတယ်။ ဧရာဝတီတိုင်း တခုလုံးကို စိုးမိုးနယ်မြေ အဖြစ် ဖော်ဆောင်နိုင်မယ်ဆိုရင် တနင်္ဿာရီ၊ မွန် ဒေသ နဲ့ ရေလမ်းကြောင်းကနေ ချိတ်ဆက်ရေး၊ ရန်ကုန်တိုင်း အနီးမှာ ကြီးမားတဲ့ အခြေခံ နယ်မြေ ဖော်ထုတ်ရေးတွေ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ပုသိမ် နဲ့ ဧရာဝတီ နယ်မြေမှာ စစ်ရေးလှုပ်ရှားခြင်းကြောင့် ရန်သူ့ အနေနဲ့ အနာယူလို့ရတဲ့ နယ်မြေ တခု ဆုံးရှုံးသွားမှာဖြစ်သလို အဓိက မြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့ပြ ဒေသ ကို ပြောက်ကျား နယ်မြေ ဖော်ထုတ်ပြီး ဝိုင်းပတ် ပိတ်ဆို့မှု လုပ်ဆောင်ရေး ပထမ အဆင့် ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ


🚩🚩🚩🚩🚩🚩


ပဲခူးတိုင်းက စခတွေ AA ကို ကြောက်နေကြပီ..
Ye Thar


DSA ကို ၉ လအတွင်း
နေပြည်တော်ကို ရွှေ့မယ်


ပြည်၊ မြို့သစ်ထဲက ပြည်သူ့စစ်အဖွဲ့ကို လူသတ်ခွင့်အထိ အာဏာကုန်ပေးထား ရပ်ကွက်အတွင်း နေထိုင်သူတွေကို ဖိနှိပ်မှုမျိုးစုံလုပ်နေ

ဇန်နဝါရီ ၂၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ခေတ္တရာရပ်ကွက်ထဲက ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းထားပြီး အာဏာကုန်လွဲအပ်ထားတဲ့အတွက် ဖိနှိပ်မှုတွေ ပြုလုပ်နေတယ် လို့ အဖွဲ့ဝင်တွေရဲ့ နာမည်စာရင်းနဲ့တကွ ဒေသတွင်းနေထိုင်သူတွေက သတင်းပေးပို့လာပါတယ်။

မြို့သစ် ပြည်သူ့စစ်အဖွဲ့ ကို ပထမအသုတ် ပြည်သူ့စစ်သင်တန်းဆင်း ၅ ဦးအပါ အဖွဲ့ဝင် ၁၀ ဦးကျော်နဲ့ ဖွဲ့စည်းထားပြီး ခေါင်းဆောင် ရာအိမ်မှူးကျော်မျိုးနိုင်(မြို့သစ် ၇/၅ ကွက် ကပ်ကျော်ငြိမ်းခချမ်းရေးအနီးနေထိုင်သူ) က ဦးဆောင်တာလို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။

"ဥက္ကဌတိုးကြီးက ပြည်သူ့စစ်ခေါင်းဆောင်ကျော်မျိုးနိုင် ကို ထားပါတယ်။
ကျော်မျိုးနိုင်က မထင်ရင်မထင်သလို ဧည့်စရင်းစစ်ပြီး မရှိဆင်းရဲသားလဲမချန် ဒဏ်ငွေသုံးသောင်းရိုက်ပါတယ်။ ကျော်မျိုးနိုင်ကအဆိုးဆုံးပါဘာဖြစ်ဖြစ်လက်ပါတယ်။ တိုးကြီးကမြောက်ပေးထားတာဆိုတော့ ဂြိုလ်ကြွနေတာပါ" လို့ ဒေသတွင်းနေထိုင်သူတဦး က ဒို့ပြည် ကိုပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေအတွက် အပြာရောင်ဝမ်းဆက်ဝတ်စုံကို ကိုယ်အတိုင်းအထွာနဲ့ သီးသန့်ချုပ်ပေးထားပြီး အာဏာကုန်လွဲအပ်ထားတယ်လို့ ဆိုပါတယ်။

"ပြည်သူ့စစ်တွေကို အာဏာပေးထားတာက သေနတ်နဲ့ပစ်ခွင့်မရှိဘူး ကျန်တာနဲ့ သတ်ပစ်လိုက် ငါတို့တာဝန်ယူတယ်လို့ ပြောပါတယ် ကျော်မျိုးနိုင်ကိုယ်တိုင်ပြောတာပါ" လို့ ဒေသတွင်းနေထိုင်သူတဦး က ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ထဲမှာ ခေါင်းဆောင်အဖြစ် ကျော်မျိုးနိုင်၊ ရာအိမ်မှူးမြင့်စိုး၊ အောင်ဌေး၊ ထော်ကြီး နဲ့ အပ်ချုပ်ဆိုင် လုပ်ကိုင်သူတွေအပါအဝင် မြို့သစ်ထဲကသူတွေပါတယ်လို့ ပြောပါတယ်။(ဒို့ပြည်က ရရှိထားတဲ့အချက်အလက်တွေမှာ ဖော်ပြပါ သူတွေရဲ့ နေထိုင်ရာအိမ်နဲ့လမ်းတွေလည်းပါဝင်ပါတယ်)

"ဧည့်စရင်းမထင်ရင်မထင်သလိုစစ်တယ် ဒဏ်ငွေရိုက်တယ်။ လင်မယားချင်းကွာရှင်းတာတောင်တယောက်ငါးသောင်းပေးရတယ်။ ရပ်ကွက်အတွင်းခြံစည်းရိုးခတ်တာ အိမ်ဆောက်တာကအစထောက်ခံစာလုပ်ရမယ်လို့ တိုးကြီးက ပြောထားလို့ အိမ်ဆောက်ရင်ငါးသောင်း
ခြံစည်းရိုးလေးလုပ်တာတောင် သုံးသောင်းတောင်းပါတယ်။" လို့ ဒေသတွင်းနေထိုင်သူက ပြောပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး တိုးကြီး ကညနလိုင်စင်သက်တမ်းတိုး ထောက်ခံစာတစောင်ကို ၅၀၀၀ ကျပ်၊ အိမ်ခြံမြေရောင်းဝယ်စာချုပ် ရောင်းသူ/ဝယ်သူ နှစ်ဖက်လုံးကို ၁ သိန်းစီ တောင်းယူတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုတော့ လစာ ၂၈၀၀၀၀ ပေးထားပြီး ညကင်းပတ်၊ ဧည့်စာရင်းစစ်ချိန်နဲ့ ဖမ်းဆီးသတင်းယူချိန်က လွဲလို့ ကိုယ့်အလုပ်ကို လုပ်ခွင့်ရှိပြီး ရပ်ကွက်အတွင်း မိုက်ကြေးခွဲလို့ရတဲ့အတွက် ဝင်ကြတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

ဖော်ပြပါ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ပေးပို့လာတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဒို့ပြည် သတင်းက ဆက်လက်စုံစမ်းနေပြီး အတည်ပြုချက်ရယူနေဆဲ ဖြစ်ပါတယ်။

ပုံစာ-
#ဒို့ပြည်
#ပြည်သူ့စစ် #ပြည်မြို့နယ် #မြို့သစ် #လူထု #သတင်းအချက်အလက် #မျှဝေပါ #သတိပြုပါ


ပြည်မြို့မှာ စကစလက်အောက်ခံ ပြည်သူ့စစ်တွေသောင်းကျန်းနေတယ်
ဆုံးမပေးကြပါဦး


တကယ်တော့ ကြူဟာ
လူမဝင်တဲ့ ဘောင်တစ်ယောက်
Ye Thar


ချောင်းသာက မအလသားပိုင် ဟိုတယ်ကပစ္စည်းတွေ ရွှေ့နေပီ..
သိပ်မကြောက်တတ်ရှာဘူး


ကိုကိုကြီးကို စစ်မှုထမ်းခိုင်းလိုက်ကြပါ..
နေရာလိုချင်ရင် စစ်တိုက်ရမှာပေါ့
Ye Thar

7.6k 0 5 11 264

စစ်တပ်က စီးပွားရေးအကြောင်း ထိုင်ပြောနေတဲ့နိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံဆင်းရဲမလဲ..
အဲ့ဒါ သူတို့ S လုပ်မှ မဟုတ်တာ
Ye Thar

9.3k 0 1 10 241

ကျားဖြန့်ဂယက်ကြောင့်
မဲဆောက်မှာ အစစ်အဆေး အဖမ်းအဆီးတွေရှိမယ်
မြန်မာပြည်သားများ သတိထားကြပါ..


တရုတ်တွေ သူတို့တရုတ်အချင်းချင်း ပြန်ပေးဆွဲ လူကုန်ကူးခံရတဲ့ကိစ္စက ပုံစံတူတွေများတယ်

အရင်ဆုံး မက်လုံးတစ်ခုခုပေးပြီး ထိုင်းကိုလှမ်းခေါ်မယ် ၊ လူကုန်ကူးခံရမယ့်လူက ဘန်ကောက်လေဆိပ်ကိုရောက်လာတယ် လူကုန်ကူးဂိုဏ်းတွေက လာကြိုတယ် ၊ ပြီးရင် ကားပေါ်မှာ အချိုရည်တိုက်တယ်

အဲ့ဒီအချိုရည်သောက်ပီးရင်တော့ သတိလစ်သွားပီ ၊ သတိရတဲ့အချိန်မှာ ထိုင်းမှာမဟုတ်တော့ဘူး ၊ မြဝတီက ကျားဖြန့်ဂိုဏ်းတွေဆီရောက်သွားပြီ

ဒါဟာ ပေါ့သေးသေး ပြသနာတော့မဟုတ်ဘူး
နိုင်ငံပေါင်းစုံ ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်
မြန်မာနိုင်ငံမှာလည်း ဘယ်ကျားဖြန့်မှမရှိသင့်ဘူး
Ye Thar


ဝတ်မှုန်ရွှေရည်ရဲ့ လင်က
စခတွေနဲ့ အတူတူပဲ ။
ကစ်ကစ်လေး ချစ်စရာကောင်းတယ် ပြောကြဦးမလား


စည်းလုံးတဲ့လူမျိုးက
တိုးတက်တယ် ။
မစည်းလုံးတဲ့လူမျိုးက
တိုင်ပတ်တယ် ။

တိုင်ပတ်ရင် တပ်ပိုင်လိမ့်မယ်
Ye Thar


ခေတ်ပျက်နေတဲ့အချိန်မှာ
အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး
ပြည်သူပိုင်မြေနေရာပေါ်ဆောက်တဲ့ အဆောက်အဦးမှန်သမျှ

အချိန်တန်ရင် ပြန်ဖြိုဖျက်ပေးရမယ်
Ye Thar

13k 0 0 5 321

ကျန်းမာ ကြံ့ခိုင် တိုက်နံရံ


မြန်မာနိုင်ငံမှာ
ဘယ်ကျားဖြန့်မှ မရှိသင့်ဘူး
နိုင်ငံသိက္ခာကျတယ်


ချောင်းသာကို စစ်ကောင်စီအင်အားဖြည့်တင်းတယ် ဆိုတဲ့ သတင်းဖတ်ရတော့.. 📄

မအလအတွေးထဲမှာ

ဟင်း.. ငပလီကတော့ မရှိတော့ဘူး 🙅‍♂️
ချောင်းသာမှာတော့ ငါ့သားဟိုတယ်ရှိသေးတယ် 🏨
အဲ့ဒါလေးတော့ မလုပ်ပါနဲ့ကွာနဲ့ဆိုပီး 🤸‍♂️
တွေးတော နေလေမလား..

😜
Ye Thar

12k 0 2 1 289

မအလရဲ့ အမှုတွဲ ၊ ခုံရုံးတင်ခံရမယ့်ကောင်

20 ta oxirgi post ko‘rsatilgan.