ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ခံ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ခံ အမျိုးသားတစ်ဦးတစ်ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ အသက်(၄၀)နှစ်အရွယ် ဦးဇေယျာအောင် ဖြစ်ကြောင်း နှင့် ၎င်းမှာ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းအချိန်က အထက်အလူးလေးကျေးရွာဘက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ပြီး ဖမ်းဆိးခံခဲ့ရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးဇေယျာအောင်ရဲ့ ရုပ်အလောင်းကို အထက်အလူးလေးကျေးရွာ သင်္ချိုင်းကုန်းအနီးမှာတွေ့ရှိခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။ဦးဇေယျာအောင်မှာ ရင်ဘတ်တွင် ကျည်ဖေါက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံကဆိုသည်။
■ Read More - - - >>> https://news-eleven.com/article/298120