Empress Ki (ချစ်သောဧကရီ)
{ဂိုလျောခေတ်}
ဘုရင်မ ဂီ (သိုမဟုတ်) ကိုရီးယားနွယ်ဖွား တရုတ်ဧကရာဇ်၏ ဘုရင်မဖြစ်ခဲ့သူအမျိုးသမီးဂီကို ၁၃၁၅ ခုနှစ်တွင် ဂိုလျော၏ အဆင့်နိမ့်မင်းမျိုးအနွယ်ဝင် ဗျူရိုကရေစီမိသားစုမှ မွေးဖွားခဲ့သည်။
သူမကို ဟိန်းဂျူပြည်နယ်တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ ယောင်းအန်းဘုရင်လက်ထက် ဘွဲထူးချီးမြှင်းခြင်းခံရသော ဂင်ဂျီအိုဖြစ်ပြီး မိခင်မှာ လီမျိုးနွယ်ဝင် အမျိုးသမီးဖြစ်သည်။ ဂီရှစ် ၊ ဂီချော ၊ ဂီဝန်း ၊ ဂီဂျူ ၊ ဂီလွန်းစသည့်အကိုများကြား အချစ်ခံရသော နှမငယ်လည်းဖြစ်သည်။
သူမသည် တရုတ်ပြည် ယွမ်မင်းဆက်ဘုရင် တုဟွမ်းတျယ်မုအာ၏ မိဖုရားတစ်ပါးဖြစ်ပြီး ယွမ်မင်းဆက်ဘုရင်၏ ပထမဆုံးပြည်ခြားဘုရင်မတစ်ဦးလည်း ဖြစ်သည်။
ထိုခေတ်တွင် ဂိုလျောတိုင်းပြည်သည် အင်အားကြီး မွန်ဂိုပြည် ဝန်းနိုင်ငံသို သုံးနှစ်လျှင်တစ်ကြိမ် အမျိုးသမီးချစ်ကြည်ရေး သံတမန်ဆက်ရသည့် ထုံးစံရှိခဲ့သည်။
အမျိုးသမီးဂီသည် ရုပ်ဆင်းအင်္ဂါလှပခြင်း ၊ အက ၊ တူရိယာတီးခတ်ခြင်း ၊ ကဗျာရေးစပ်ခြင်း၊ စာလုံးအလှရေးခြင်းတိုတွင် ကျွမ်းကျင်သော မိန်းမပျိုတစ်ဦးဖြစ်ခြင်းတိုကြောင့် ၁၃၃၃ ခုနှစ်တွင် မွန်ဂိုပြည်သို သံတမန်အဖြစ် စေလွှတ်ခြင်းခံခဲ့ရသည်။
သံတမန်အဖြစ်စေလွှတ်ခံရချိန်တွင် မိဘအကိုများမှ စိုးရိမ်စိတ်ကြီးစွာဖြစ်ကြသော်လည်း သူမ၏ဘဝကို အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးမည်ဟုဆိုတာ သူမကိုယ်တိုင်ပင် ဝန်းနိုင်ငံသိုသွားရန် လက်ခံခဲ့သည်။
မွန်ဂိုဘုရင် မုအာသည်လည်း နှလုံးရည်နှင့်ပြည့်စုံသော သူမအား ချစ်မြတ်နိုးခဲ့ကာ မင်းသမီးအဖြစ် ဧကရာဇ်နန်းတော်တွင် စံမြန်းစေခဲ့သည်။
ထိုအချိန်တွင် ဧကရာဇ်မုအာ၌ ဒါနာရှရီဆိုသည့် မိဖုရားတစ်ပါးရှိသည်။ သူမအစ်ကို ပုန်ကန်မှုကြောင့် မင်းသမီးဒါနာရှရီကို ၁၃၃၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရာထူးမှဖယ်ရှားခဲ့ပြီး မိဖုရားဂီကို ဒုတိယဇနီးအဖြစ် နန်းတင်ရန်ကြိုးစားသောအခါ မွန်ဂိုလူမျိုးစုများက ကန့်ကွက်သောကြောင့် မင်းသမီးငယ်အဖြစ် ဆက်လက်နေထိုင်ခဲ့ရသည်။
၁၃၃၉ ခုနှစ်တွင် မိဖုရားဂီသည် သားဦးကို ဖွားမြင်ခဲ့ပြီး ဧကရာဇ်မုအာသည် သားငယ်အား ထီးနန်းဆက်ခံစေရန် လျာထားခဲ့သည်။ နောက်ဆုံးမှာတော့ ဧကရာဇ်ဘုရင်အတွက် သားဦးမွေးဖွားခဲ့သော မိဖုရားဂီသည် ဒုတိယမိဖုရားအဖြစ် နန်းတက်ခဲ့သည်။
ထိုအချိန်က ဧကရာဇ်၏ ပထမဖိရားမှာ ဘယန်းမိဖုရားဖြစ်ပြီး နန်းတွင်းတွင် ဩဇာညောင်းသောမိဖုရားတစ်ပါးဖြစ်သည်။ မိဖုရားဂီ၏ သားကို နန်းလျာအဖြစ် သတ်မှတ်ပြီးသည့်နောက်ပိုင်းတွင် ဘယန်းမိဖုရား၏ ဩဇာညောင်းလာခဲ့သည်။
မိဖုရားဂီသည် သူမ၏သားအား နိုင်ငံရေးအကြောင်းအရာများကို သင်ကြားပေးစဉ်တွင် သူမကိုယ်တိုင်ပါ စိတ်ဝင်စားလာခဲ့သည်။ ထိုကြောင့် ဧကရာဇ်အား နိုင်ငံစီးပွားရေးနှင့် ပတ်သက်၍ သူမအားလုပ်ပိုင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သူမတာဝန်ယူပြီးချိန်တွင် တိုင်းပြည်၏ ငွေကြေးဖြစ်သော ယွမ်ငွေကြေးသည်လည်း မြင့်တက်လာခဲ့သည်။
သူမ၏အစ်ကို ဂီချောကိုလည်း မွန်ဂိုအရှေ့ပိုင်းဌာနချုပ်၏ တပ်မှုးအဖြစ် ခန့်အပ်ခဲ့သည်။ ပြီးနောက် ဂိုယော၏ တိုင်းရေးပြည်ရေး အခြေအနေများကိုလည်း စောင့်ကြည့်စေခဲ့သည်။
မိဖုရားဂီသည် ဂိုယော၏အခြေအနေကိုကြည့်ကာ အကိုဖြစ်သူ ဂီချောအား ဂိုယောသို သံတမန်အဖြစ်စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် ဂိုယော၌ ဂုံမင်းဘုရင်နန်းတက်စဉ်ဖြစ်ပြီး မိဖုရားဂီအကြောင်းသိရှိထားသော ဘုရင်သည် ဂီမျိုးနွယ်များအား ချိုးနှိမ်ထားချိန်ဖြစ်သည်။
ထိုအခါ မိဖုရားဂီသည် အမျက်တော်ရှပြီး ဂိုယောဘုရင်အပေါ် ကျော်သည့်သဘောဖြင့် တက်ရှ်ကျူမာဆိုသူကို ဂိုယော၏ဘုရင်ခံအဖြစ် ရွေးချယ်သည်ဟုဆိုကာ ဂုံမင်းဘုရင်ရှေ့တော်သွင်းခဲ့သည်။ (ဘုရင်ခံရွေးချယ်သည့်သဘောမှာ နိုင်ငံအား သိမ်းပိုက်မည်ဟု ဆိုလိုက်သည့် သဘေယဖြစ်သည်)
ထိုကြောင့် ဂွန်ဂျုံးဘုရင် ဒေါသထွက်ကာ တိုင်းပြည်ရှိ ဂီမျိုးနွယ်များအား အာဏာသိမ်းခဲ့ပြီး မွန်ဂိုပြည်အားစစ်ချီခဲ့သည်။ သိုသော် အပ်လိုမြစ်အား ဖြတ်ကျော်ချိန်တွင် မွန်ဂိုတပ်များ၏ တိုက်ခိုက်မှုကြောင့် ဂိုယောတပ်များ ကျရှုးခဲ့သည်။
မွန်ဂိုမြိုတော်တွင်လည်း နန်းလျာအားထောက်ခံသူနှင့် ဆန့်ကျင်သူများအကြား စစ်ပွဲများဖြစ်ပွားလျက်ရှိပြီး ၁၃၆၄ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဘိုလု့ထျန်မုအာသည် မြိုတော်ကို သိမ်းပိုက်ထားခဲ့ပြီး မိဖုရားဂီကိုလည်း ထောင်သွင်းအကျဉ်းချထားခဲ့သည်။
နန်းလျာသည် သူ့ကိုထောက်ခံသူ ကိုကိုးထျန်မုအာ အကူအညီဖြင့် မြိုတော်ကို ပြန်လည်ရယူခဲ့ပြီး ဘုရင်မုအာ၏ ပထမမိဖုရားသေဆုံးချိန်တွင် မိဖုရားဂီသည် ပထမမိဖုရားကြီး ဖြစ်လာခဲ့သည်။
၁၃၆၈ ခုနှစ်တွင် မွန်ဂိုတို၏ အုပ်ချုပ်ရေးယန္တယားပြိုလဲခြင်းကြောင့် ရင်းချန်မြိုသို ခေတ္တပြောင်းရွှေ့ခဲ့သည်။ မုအာဘုရင် နတ်ရွာစံပြီးနောက်တွင် သားတော်နန်းတက်ခဲ့ပြီး မိဖုရားဂီမှ ဧကရာဇ်ဂီအဖြစ်သို ရောက်ရှိခဲ့သည်။
ယနေ့ခေတ်သူများသည် မိဖုရားဂီအား တိုင်းပြည်ကိုမေ့သော သစ္စာဖောက်တစ်ဦးအဖြစ် လက်ခံထားသူများရှိသော်လည်း တချိုသူများကမူ ကိုရီးယားလူမျိုးများ၏ အာဏာစက်ကို ပျံ့လွှင့်စေခဲ့သော မိဖုရားတစ်ပါးအဖြစ် ဆိုစမှတ်ပြုခဲ့ကြသည်။