#Breaking_News
ကန်ပက်လက်မြို့ကို သေနတ်မဖောက်ဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဒီဇင်ဘာ ၂၂ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ည ၁၂ နာရီခန့်တွင် မြို့ထဲမှ အကုန်စွန့်ခွာခဲ့ပြီး ကန်ပက်လက်မြို့ကို သေနတ်မဖောက်ဘဲ ချင်းညီနောင်က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယနေ့၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။
"ဟုတ်တယ်။ ကန်ပက်လက်မှာ စစ်ကောင်စီတပ်ရင်းတွေ တစ်ခုမှ မရှိတော့ဘူး။ ရဲစခန်းတွေ အားလုံးပဲ။ မနေ့ည ၁၂ နာရီ မှာ အကုန်လုံးစခန့်စွန့်သွားကြပြီ။ အခုစစ်ကောင်စီတပ်တွေ လုံးဝမရှိတော့ဘူး။ ဒီနေ့မနက်ပိုင်းမှာတော့ ချင်းညီနောင်အဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်နေကြတယ်။ ကန်ပက်လက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကွေးတိုင်း၊ ဆောနယ်၊ ယောနယ်ကို ဆင်းသွားကြတယ်လို့ သိရတယ်" ဟု ကန်ပက်လက်မြို့၊ ဒေသခံအမျိုးသားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်အောင်ရတနာစေတီကုန်း၊ ဘုန်းကြီးကျောင်းကုန်း၊ သစ်တောရုံးကုန်း၊ အထက ၁ ကျောင်းကုန်း၊ ပညာရေးရုံးကုန်း၊ ရဲစခန်း၊ ထွေအုပ်နှင့် စခန်းကုန်းတို့တွင် တပ်စွဲနေရာယူထားကြောင်းသိရသည်။
ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ပြီး ယမန်နေ့တွင် မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ချင်းညီနောင်သည် မတူပီမြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြင်းပြင်းထန်ထန်ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ-CDF-ကန်ပက်လက်။
#ကန်ပက်လက်မြို့ #သေနတ်မဖောက် #ချင်းညီနောင် #သိမ်းပိုက်နိုင်ခဲ့ #Breaking_News