tvN ရုပ်သံရဲ့ ကြည့်ရှုနှုန်း အမြင့်ဆုံး Top 10 ဒရာမာထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ Jeongnyeon ___
1950s ခုနှစ်တွေဟာ တောင်ကိုရီးယား ရိုးရာပြဇာတ်တွေ ခေတ်ကောင်းခဲ့တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ရုပ်ရှင်တွေခေတ်ရောက်လာတာကြောင့် ရိုးရာပြဇာတ်တွေမှေးမှိန်ပျောက်ကွယ်လာပါတယ်။ ပြဇာတ်တွေခေတ်ကောင်းတဲ့ချိန်အတွင်း အကျော်ကြားဆုံးကတော့ မယ်ရန်ဂုဂုပြဇာတ်တွေပါ။ မယ်ရန်ဂုဂုဟာ အမျိုးသားဇာတ်ဆောင် ၊ အမျိုးသမီးဇာတ်ဆောင် ၊ ဇာတ်ပို့ဇာတ်ရံဇာတ်ဆောင်တွေအပါအဝင် ကလေးဇာတ်ဆောင်ထိ အမျိုးသမီးတွေကိုချည်းသုံးပြီး တင်ဆက်တာမို့ ပိုမိုထူးခြားခဲ့ပါတယ်။
Jeongnyeon:The Star Is Born ကတော့ ထိုနောက်ခံကို အခြေပြုဖန်တီးထားတဲ့ ဝက်ဘ်တွန်ဇာတ်လမ်းကို adaption လုပ်ထားခြင်းပါ။ GL love line ပါတဲ့ မူရင်းဝဘ်တွန်ကို ဒရမ်မာမှာတော့ ဇာတ်ကွက်တွေပြောင်းလဲထားတာကြောင့် မူရင်းလက်ရာပရိသတ်တွေဆီက ဝေဖန်မှုတွေခံနေရပေမယ့် tvN ရုပ်သံရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံး Top 10 ထဲကိုဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
tvN ရုပ်သံရဲ့ကြည့်ရှုနှုန်းအမြင့်ဆုံး ဒရမ်မာ ၁၀ ကားကတော့ Queen of Tears ၊ Crash Landing On You ၊ Reply 1988 ၊ Goblin ၊ Mr Sunshine ၊ Mr Queen ၊ Crash Course In Romance ၊ Under The Queen's Umbrella ၊ Jeongnyeon: The Star Is Born နဲ့ Vincenzo တို့ပဲဖြစ်ပါတယ်။
Jeongnyeonက စဆုံးထိရပါပြီနော်
https://t.me/blsflixchannellink/542