တိုးတက်မှုတွေအပြည့်ဖြစ်နေပေမယ့် ရှေးရိုးစွဲမှုတွေ အထိုက်အလျှောက် ကျန်ရှိနေသေးတဲ့ တောင်ကိုရီးယားမှာ BL GL ကားတွေနဲ့ပက်သက်ရင် ဂယက်ထတဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ်နေဆဲပါ။
ဒီတစ်ခါဂယက်ထစေခဲ့တဲ့ ဇာတ်လမ်းကတော့ Love In The Big City ဆိုတဲ့ ၈ပိုင်းပါ BL ဒရာမာလေးပေါ့။
ဒီဒရာမာဟာ Park Sang Young ရဲ့အရောင်းရဆုံးဝတ္ထုစာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ။ ဝတ္ထုဟာ ပတ်ဝန်းကျင်အမြင်တွေကြား ဖိအားတွေများနေတဲ့ ကွေးနေရှာသူ ဂေးကောင်လေးနဲ့ ပတ်ဝန်းကျင်ကို သောက်ဂရုမစိုက်တတ်တဲ့ အဖြောင့်သမား ကောင်မလေးတို့ကြားက ချစ်သူလိုမဟုတ်တဲ့ ရဲဘော်ရဲဖက် ပါတနာ လိုဆက်ဆံရေး နဲ့ အတူတကွနေထိုင်ကြရင်း လောကကြီးရဲ့အယူအဆတွေကိုပြောင်းပြန်လှန်ခဲ့ကြတဲ့ဖြစ်စဥ်ကို လက်တွေ့ဆန်တဲ့ စိတ်လှုပ်ရှားစရာအကြောင်းအရာမျိုးစုံနဲ့ မီးမောင်းထိုးတင်ပြထားတာပါ။
ဒီလို ဝတ္ထုမျိုးကို ဒရာမာအနေနဲ့ရော ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးထားတာတွေ့ရပြီး Kim Go Eun နဲ့ Noh Sang-hyun တို့ပါဝင်ထားတဲ့ ရုပ်ရှင်ဗားရှင်းကတော့ အမျိုးသမီးဇာတ်ဆောင် သူငယ်ချင်းမလေးဘက်ကနေ အဓိကပြပြီး Nam Yoon Su နဲ့ Ji Ho Eun တို့ပါဝင်ထားတဲ့ ဒရာမာဗားရှင်းကတော့ အမျိုးသားဇာတ်ဆောင် ဂေးကောင်လေးဘက်ကို အဓိကထားပြသရိုက်ကူးထားပါတယ်။
ရုပ်ရှင်ဗားရှင်းကတော့ ချောချောမောမောရုံတင်ပြသနိုင်ခဲ့ပေမယ့် BL ဘက်ကနေပြတဲ့ ဒရာမာဗားရှင်းကတော့ ဘာသာရေးအဖွဲ့အစည်းတွေကနေဆီကပါ ဆန္ဒပြခံခဲ့ရတာမျိုးကြုံခဲ့ရသလို Nam Yoon Su ရဲ့ ဆိုရှယ်အကောင့်မှာဆို ဂေးဇာတ်ကောင်သရုပ်ဆောင်ရကောင်းလား ဝေဖန်မှုတွေမှာမြင့်တက်ခဲ့တာပါ။
လူ့အသိုင်းအဝိုင်းရဲ့ရူးကြောင်ကြောင် ကန့်သတ်ချက်တွေကြောင့် ကွေးနေပေမယ့် ဂေးခွင့်မရှိသူတွေ ဘယ်လောက်များလိုက်မလဲ.. သူတို့ရဲ့ ဖြစ်တည်မှုနဲ့ သူတို့ခံစားရတဲ့အရာတွေကဘာဖြစ်မလဲ ...တိုးတက်ပြီး တောင်ကိုရီးယားလူမှုအသိုင်းအဝိုင်းရဲ့ ဂေးတွေအပေါ်သဘောထားကရော ဘယ်လိုအခြေအနေရှိလဲ ... စပ်စုတီးခေါက်ကြည့်လို့ရနိုင်မယ့် ကားမျိုးမို့ Love In The Big City ဟာ သေချာပေါက်မြည်းစမ်းရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ..
ရုပ်ရှင်ဗားရှင်းကမထွက်သေးတာမို့ ဒရာမာဗားရှင်းကို အရင်ကြည့်ရမှာပါ။
https://t.me/blsflixchannellink/572