အသက်လေးကျော်မှ နှုတ်ခမ်းနီမလေးတွေကြား တကျော့ပြန် စန်းပွင့်နေပြန်တဲ့ Yoo Yeonseok ___
အနုပညာရှင်တွေအနေနဲ့ စန်းပွင့်တဲ့အချိန်ကာလတွေ မတူကြဘူးဆိုသလို လူပျိုကြီး Yoo Yeonseok တစ်ယောက် စန်းပွင့်တဲ့ ကာလကတော့ အသက်လေးဆယ်ကျော်မှ လို့ဆိုရမှာပါ။ 1984 April 11 born ဖြစ်တဲ့ ယူယွန်းဆော့ဟာ လက်ရှိအချိန်မှာ အသက်လေးဆယ်ကျော် လူပျိုကြီးတစ်ယောက်ပါ။
မွေးချင်းအနေနဲ့ အစ်ကိုတစ်ယောက်ရှိပြီး ဖခင်ဖြစ်သူကတော့ အင်ဂျင်နီယာပါရဂူတစ်ယောက်ဖြစ်ပါတယ်။ 2003 ခုနှစ်လောက်က Old Boy ရုပ်ရှင်မှာ အမှတ်မထင် ပါဝင်ခွင့်ရလိုက်တဲ့အခါ သူကိုယ်သူအနုပညာပိုးပါလာမှန်းသိသွားခဲ့တာကြောင့် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ခြေရာနောက်မလိုက်ဘဲ Sejong အနုပညာတက္ကသိုလ်ကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
ကျောင်းပြီးတဲ့အခါမှ အနုပညာလောကထဲခြေစုံပစ်ဝင်လာခဲ့ပြီး သရုပ်ဆောင်အဖြစ်ရပ်တည်ခဲ့ပါတယ်။ အစပိုင်း ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်တဲ့အခါ ဗီလိန်ဇာတ်ကောင်တွေရတာများခဲ့ပြီး ဗီလိန် Icon အဖြစ်သတ်မှတ်ခံခဲ့ရရာက Reply 1994 ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဘေ့ဘော့စ်ကစားသမားလေးအဖြစ် ပရိသတ်အချစ်တွေစတင်ရရှိလာခဲ့ပြီး ခေါင်းဆောင်အဖြစ် ရိုက်ကူးနိုင်ခဲ့ပါတယ်။ Dr Romantic Season 1 ကတော့ ယူယွန်းဆော့ရဲ့ အအောင်မြင်ဆုံး စီးရီးတစ်ခုဖြစ်လာခဲ့ပြီး ဆရာဝန်ဂန်ဒုန်းဂျူဇာတ်ကောင်နဲ့ ပရိသတ်အချစ်များစွာ
ရရှိနိုင်ခဲ့တာပါ။
Hospital Playlist ၊ Mr Sunshine တို့လို နာမည်ကြီးစီးရီးတွေမှာလည်း ပိုနာမည်ရခဲ့ပြီး The Interest of Love မှာလည်း ခေါင်းဆောင်ပါဝင်ထားပါတယ်။ Bloody Lucky Day မှာတော့ ဗီလိန်တစ်ယောက်အဖြစ် ပြန်ကြမ်းပြထားပြီး ရုပ်ရှင်ဘက်မှာတော့ Re encounter ၊ Architecture 101 ၊ The Mood of the day၊ Wistle Blower ၊ The Beauty Inside.. စတဲ့ကားတွေက ယူယွန်းဆော့ရဲ့အောင်မြင်တဲ့လက်ရာတွေဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ When The Phone Rings ဆိုတဲ့ Wattpad fic ဆန်ဆန် စီးရီးလေးကြောင့် မမတွေကြားမှာသာမက နှုတ်ခမ်းနီမလေးတွေကြားမှာပါရေပန်းစား စန်းပွင့်လို့နေပါတယ်။ အလံနီဆန်သလိုလိုရှိပေမယ့် မိန်းမကိုတုန်နေအောင် ချစ်မယ်ဆိုတဲ့ ဘဲ့ဆာအွန်းကာရိုက်တာကြောင့် မိန်းကလေးတွေရဲ့ Ideal type ဖြစ်လာပြန်ပါတယ်။
သူ့ရဲ့ Ideal type ကတော့ မနက်အိပ်ရာနိုးလို့ ခေါင်းစုပ်ဖွားဖြစ်နေချိန်တောင် သူ့ကိုချစ်ပေးနိုင်တဲ့ မိန်းကလေးပါတဲ့။ အကြောင်းကတော့ မလှမပဖြစ်နေချိန်တောင် ချစ်ပေးနိုင်ရင် တကယ်ချစ်တယ်လို့ ယူဆတာမို့ပါတဲ့ 🤣
တို့ချစ်ပေးနိုင်ပါတယ် ကိုကြီး 😁
When The Phone Rings ဇာတ်ကားလင့်ခ်
https://t.me/blsflixchannellink/691